Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 721

Mero Yatra နီပေါသွား တောလား - ၆

$
0
0

၂၀၂၄ နိုဝင်ဘာ ၁၆ Kurintar မှာတည်းတဲ့ Summit River Lodge ဘေးမှာ Trishuli မြစ်လေး စီးဆင်းနေတယ်။ တောင်ခိုးတွေနဲ့ မှုန်ရီမှိုင်းပြီး နေပျောက်မထိုးနိုင်ဘူး လွမ်းမောဖွယ်ရာကောင်းတယ်။ သစ်လုံးအိမ်လေးတွေက ချစ်စရာလေး။ ဧဝရတ်တောင်တက်ပြီးရင် ဒီမှာ water rafting လာလုပ်ကြတယ်။ အခန်းရဖို့မလွယ်ဘူးတဲ့။ နေ့လည်မြစ်ထဲမှာ ice bath သွားလုပ်တယ်။ water shoe စီးထားပေးမဲ့ သဲပေါ်ခြေဗလာနဲ့ လမ်းလျှောက်ကြည့် earth energy သိပ်ကောင်းတယ်ဆိုလို့ ဖိနပ်ချွှတ်ပြီး ခြေဗလာနဲ့လမ်းလျှောက်တာ သိပ်ကြိုက်တာပဲ။ ရေငုပ်ရတာကြိုက်လို့ အများကြီးငုပ်ခဲ့တယ်။ ရေစီးသန်လို့ ဆိုဖီယာတို့မိသားစုက ဘေးကနေစောင့်ကြည့်ပေးနေတယ်။ ဟိမန္တာတောင်ကနေကျလာတဲ့ ရေခဲရေဆိုတော့ အသည်းခိုက်အောင် အေးမယ်ထင်နေတာ သိပ်မအေးဘူး။ သဲလေးတွေ ငွေရောင်အပြောင်အလက်လေးတွေနဲ့ သိပ်လှတာပဲ။ နီပေါရိုးရာဝတ်စုံလေး အဖြူနဲ့ အညိုဝတ်ရတယ်။ အစကတော့ ကျောက်တုံးသွားကောက်မလို့ လမ်းမှာမှစိုးလို့ ဟိုတယ်ဝန်ထမ်းတယောက် လိုက်ပေးမယ်ဆိုပြီး စောင့်နေတာ နောက်ဆုံးတော့ စလုံးက အကြူ၊ ဝင်းလဲ့၊ ပန်လေးတို့နဲ့ စကားကောင်းတွေနေတာနဲ့ ကျောက်တုံးသွားမကောက်ဖြစ်ဘူး။ သူများတွေ ရေတံခွန်သွားကြတာလဲ မလိုက်ဖြစ်ဘူး။ ပင်ပန်းလို့ မလှုပ်ချင်တော့တာ။ အကြည်တို့အခန်းကို မချောကိုပေးလိုက်လို့ စလုံးကအကြည်က တို့တွေအခန်းမှာ လာအိပ်တယ်။ အကြည်နဲ့ ရယ်ရတာ ပါးစပ်မစိရဘူး။

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၁၅၊ ၂၀၂၅။

Summit River Lodge, Kurintar, Trishuli river

Viewing all articles
Browse latest Browse all 721

Trending Articles