Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 721

Mero Yatra နီပေါသွား တောလား - ၅

$
0
0

၂၀၂၄ နိုဝင်ဘာ ၁၅ အင်္ကီျအဖြူတစုံ အသစ်စက်စက် ဝတ်ရတယ်။ ဟိုတယ်နားက စေတီနဲ့ရေကန်ဆီ သွားလည်တယ်။ ပထမဆုံးနေ့က ကိုယ်ရောက်ခဲ့တဲ့စေတီ။ မကြီးက ကိုယ့်ဝတ်စုံကိုကြည့်ပြီး အပေါ်ပွပွ အောက်ပွပွတဲ့။ နာမည်ကျော် Swayambgybath ဘုရားဆီသွားလည်တယ်။ အိမ်သာတွေ နံတယ် ညစ်ပတ်တယ် tissue၊ wet tissue၊ hand sanitizer ဆောင်ရတယ်။ အနံ့မခံနိုင်ရင် mask တပ်ရတယ်။ မျောက်တွေရှိလို့ ပိုက်ဆံအိတ် သတိထားရတယ်။ ကျောင်းဆောင်တခုထဲ ပိတ်ထားတဲ့နံရံနောက်မှာ ဘုန်းကြီး သို့မဟုတ် ဆာဒူး၊ ဂုရုတယောက် ခုထိတရားထိုင်နိုင်တုန်းပဲလို့ ယုံကြည်ကြတယ်။ ဘုရားမှာလူတွေ အတော်စည်ကားတယ်။ တိဘက်ဗုဒ္ဓ၊ ဟိန္ဒူဘာသာထဲက ရုပ်ထုတွေတွေ့ရလို့ ထူးခြားတယ်။ တောင်ပေါ်ကနေ လွင်ပြင်ထဲမှာရှိတဲ့ ခက်မန်ဒူမြို့ကို မြင်ရတယ်။ ကီးချိန်း၂ ခုဝယ်ခဲ့တယ်။ Sound Healing မှာ ဟောက်သံကြားရတယ်။ vibration ပြင်းလို့ ရင်ထဲဒိန်းခနဲ ဒိန်းခနဲပဲ။ ကိုယ်ကတော့ စကြာဝဠာထဲ လွင့်သွားသလိုဖြစ်လိုက်၊ အိပ်ငိုက်သလိုဖြစ်လိုက်၊ အတွေးတွေပြန့်လွင့်လိုက်နဲ့။ တချို့တွေကတော့ ခန္ဓာကိုယ်လှုပ်ယမ်းလာတယ်လို့ပြောတယ်။ ခေါင်းအုံသလိုဖြစ်ပေမဲ့ နေလို့အင်မတန်ကောင်းတယ် ကြိုက်သွားတယ်။

Kurinta ကိုထွက်တာနောက်ကျသလို လမ်းတွေပြင်နေလို့ ညနေ ၄ နာရီအစား ည ၉ နာရီကျော်မှရောက်တယ်။ ၂ ညအိပ်အတွက် ကျောပိုးအိတ်လေးယူပြီး မြစ်ကူးကြိုးတံတားကို ဖြတ်ရတယ်။ တံတားက လှုပ်စိလှုပ်စိ ယိမ်းနွဲ့ခါရမ်းနေတော့ တချို့တွေကြောက်ကြတယ်။ ဒန်းတို့ hammock ကြိုက်တဲ့ ကိုယ့်အကြိုက်။ သက်သက်လွတ်ဆိုပေမဲ့ စားလို့အင်မတန်ကောင်းတယ်။ အခန်းဖော်က မြန်မာပြည်က ဆရာဝန်ပေမဲ့ ဆရာဝန်မလုပ်တဲ့ အမဟန်။ ကိုယ့်ထက် ၂ နှစ်ကြီးပြီး အရာရာအေးဆေး ခင်ဖို့ကောင်းတဲ့သူ။ ပင်ပန်းနေလို့ အိပ်ပျော်တယ်။

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၈၊ ၂၀၂၅။

KPH Hotel, Patan 
Sound Healing
တံတိုင်းနောက်မှာ ဂုရုကြီး တရားထိုင်နေတုန်းလို့ ယုံကြည်ကြတယ်
Swayambgybath Pagoda, Kathmandu

Viewing all articles
Browse latest Browse all 721

Trending Articles