Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 725

Canadian Rockies Mountain သွား တောလား - ၇

$
0
0

၂၀၂၄ စက်တင်ဘာ ၂၀ Banff National Park ကိုသွားလည်တယ်။ Lake Louise & Moraine shuttle bus က တရက်ကြိုဘွတ်ရတာ နောက်ကျသွားလို့ နေ့လည် ၃ နာရီမှရတယ်။ မနက် ၁၁ လောက်သွားပြီး Ski Resort မှာထိုင်စောင့်ကြတယ်။ Gondola စီးမလို့ဟာ မိုးရွာနှင်းကျလို့ မြင်ကွင်းကမလှ။ ရာသီဥတုမကောင်းလို့ တောင်ထိပ်မှာလည်း hiking trail တွေပိတ်ထားလို့ မစီးတော့ဘူး။ မိုးရွာလိုက် နေနည်းနည်းပွင့်လာလိုက် နှင်းဖွဲဖွဲလေးကျလိုက်နဲ့ အတော်အေးတယ်။ အအေးကြောက်တဲ့ကိုယ်က လက်အိတ်၊ ဦးထုပ်၊ အထပ်ထပ်ဝတ်ထားတယ်။ ထိုင်ဝမ်ကလာတဲ့အမကတော့ နှင်းတွေ့ရလို့ပျော်တယ်။ ဆွစ်ဇာလန်မှာ နှင်းခဏကျတာကြုံဖူးတယ်တဲ့။ Ski Resort မှာ နေ့လည်စာစားဖို့ကြည့်နေတုန်း ဝန်ထမ်းကောင်မလေးက ခေါက်ဆွဲပြုတ်စားနေတာတွေ့လို့ ဝယ်မလို့လိုက်ရှာတာ မတွေ့ဘူး။ ကားထဲက ခေါက်ဆွဲခြောက်ဗူးတွေသွားယူပြီး ဆိုင်ကရေနွေးထည့်ပြီး စားလိုက်ကြတယ်။ ဆိုင်ကိုအားနာပေမဲ့ တတ်နိုင်ဘူး အေးလို့ ပူပူလေးစားချင်တာ ဆန်းဒွတ်တွေ၊ ပါစတာတွေ စားနိုင်ဘူး။ shuttle bus က နာရီဝက်လောက်စီးရတယ်။ နာမည်ကျော် Lake Louise မှာလူတွေအများကြီးပဲ။ တိမ်အုံ့နေလို့ နေကတခြားဖက်ကမို့လို့ ဓာတ်ပုံရိုက်လို့မလှဘူး။ လမ်းနည်းနည်းလျှောက်ပြီး Lake Moraine shuttle bus စီးတယ်။ နည်းနည်းပိုဝေးတယ်။ Lake Moraine ကပိုလှတယ် အေးလိုက်တာ လက်တွေကျင်တက်တယ်။ တောင်ထိပ်ပေါ်တက်နေတုန်း နှင်းကျလာတယ်။ ထိုင်ဝမ်အမကို အမကံကောင်းတယ် နှင်း၂ခါတောင် တွေ့ရတယ်။ နယူးယောက်မှာတောင် နှင်းမကျတာတော်တော်ကြာပြီ။ ၂၀၁၅ နှင်းမုန်တိုင်း နှင်း ၈ - ၁၂ လက်မအထိ ကျပြီးကတည်းက တနှစ်မှာတခါနှစ်ခါလောက်ပဲ နှင်းကျတော့တယ်။ နှင်းမကျတဲ့နှစ်များလာပြီ ကမ္ဘာကြီးပူနွေးလာတာ သိသာလာတယ်။ Lake Louise ဆီပြန် အဲ့ဒီကနေ Ski Resort ကို shuttle bus ထပ်စီး။ Lake Louise & Moraine အင်မတန်လှပါတယ်။ အခါအခွင့်သင့်ရင် သွားလည်ဖို့ တိုက်တွန်းပါတယ်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၉၊ ၂၀၂၄။

Lake Moraine
Lake Louise
Lake Moraine

Viewing all articles
Browse latest Browse all 725

Trending Articles


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်