Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 718

Canadian Rockies Mountain သွား တောလား - ၆

$
0
0

၂၀၂၄ စက်တင်ဘာ ၁၉ Kootenay National Park ကိုသွားလည်တယ်။ visitor center ကိုအရင်သွားပြီး သွားလည်သင့်တဲ့နေရာတွေကိုမေးတယ်။ သူတို့ညွှန်တိုင်းအတိုင်းရှာတာ hot spring ကိုကျော်မတွေ့လို့ rest area မှာတွေ့တဲ့အန်ကယ်ကြီးကိုမေးတာ သူကလည်းမသိ။ တပတ်ပြန်မောင်းပြီး visitor center နားက hiking trail ကိုသွား။ ဆင်းလာတဲ့သူတွေကိုမေးကြည့်တော့ canyon waterfall မရှိဘူး။ သူတို့က အောက်ဖက်ကမြစ်နားဆီဆင်းပြီး ဆော်လမွန်ငါးတွေခုန်တာ ကြည့်မလို့တဲ့။ ထင်တဲ့နေရာကိုရပ်ပြီး ဟိုက်ကင်းထွက်လာတဲ့သူတွေ မေးကြည့်တော့ အဲ့ဒီနေရာက ကိုယ်တို့သွားမဲ့နေရာ။ အောက်ဖက်ကိုဆင်းတော့ စမ်းချောင်းလေးတွေ့တယ်။ တောင်ပေါ်ကို အတော်တက်ရတယ်။ ဆက်သွားဖို့ကို hot spring အထိလမ်းရှိပါ့မလား၊ အတော်ဝေးလား၊ ခုနကတွေ့လိုက်တဲ့သူတွေကို မေးလိုက်ရင်အကောင်းသားနဲ့။ နောက်ဆုံးတော့လှည့်ပြန်ခဲ့တယ်။ ပြီးတော့ စမ်းချောင်းနားမှာ နေ့လည်စာစားကြတယ်။ ပြီးတော့ Radium Hot Spring မှာရေစိမ်တယ်။ ရေကူးကန်မှာ ရေတခေါက်ကူးတယ်။ အဲဒီနေ့က ခြေလှမ်းပေါင်းတသောင်းမပြည့်လို့ ကယ်လီက ဟိုတယ်ဧည့်ခန်းထဲမှာ ဖုန်းကိုင်ပြီး လမ်းလျှောက်နေလို့ ရယ်လိုက်ရတာ။ အေးလေ နေ့တိုင်းခြေလှမ်းတသောင်းကျော် ဒီနေ့မပြည့်ဘူးဆိုတော့ ရာဇဝင်ရိုင်းတော့မှာပေါ့။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၂၊ ၂၀၂၄။


Viewing all articles
Browse latest Browse all 718

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ