Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 722

နွေဦးတော်လှန်ရေး - ၃၉

$
0
0

၂၀၂၄ မေ ၁၁ ရက် စနေနေ့ စိန့်ဂျိမ်းဘုရားကျောင်းမှာ ရန်ပုံငွေအတွက် မုန့်ဖက်ထုပ်သွားရောင်းတယ်။ အမေလုပ်တာ ကိုယ်ကနှမ်းဖြူး ရောင်းပေးတာ။ မခိုင်က အမေ့အတွက် ပေးလိုက်တဲ့ ထိုင်းကအင်္ကီျက သေးနေလို့ ကိုယ့်အတွက်ဖြစ်သွားတယ်။ ထမီကတော့ ဖြိုးပေးထားတာ အတော်ကြာပြီ။ ၂၀၁၇ လောက်ကတည်းက အဖေတို့နဲ့ ထည့်ပေးလိုက်တာ ခုမှပဲ ဝတ်ဖြစ်တော့တယ်။ ညီမတယောက်က ညီမပေးထားတဲ့ ကျောက်စိမ်းဆွဲကြိုးလေးနဲ့ဆို အလိုက်ပဲတဲ့။ ဟုတ်ပါ့ သူပေးထားတဲ့ ကျောက်စိမ်းဆွဲကြိုးလေးကို မေ့နေတာ။ နောက်ဝတ်မယ်လို့ ပြောလိုက်ပေမဲ့ အိမ်အပြောင်းအရွှေ့မှာ ဘယ်အိတ်ထဲထားလိုက်မှန်း မသိတော့ဘူး။ သူများကိုပေးလိုက်တာလား၊ လွှင့်ပစ်လိုက်လား၊ အသိမ်းလွန်နေတာလား မမှတ်မိတော့ဘူး ဆောရီးပါညီမရေ။ အအရင်အိမ်ရှင်နဲ့တွေ့တော့ နင်တော်တော်ဝလာတယ်တဲ့။ ၁၅ ပေါင်တက်နေလို့ intermittent fasting နဲ့ဝိတ်ချနေတယ်။ မနက်စာ ဘလက်ကော်ဖီကို ghee ၊ collagen powder နဲ့သောက်တယ်။ နေ့လည်စာ ၁၂ နာရီ ညစာ ည ၆ နာရီ စားတယ်။ ကြိုက်သလောက် စားချင်တာစား နေ့လည်စာနဲ့ ညစာကြား ဘာမှမစားရဘူး no snack, juice, fruit, solid food။ အရင်တုန်းက တချိန်လုံးစားနေလို့ ဗိုက်ကလုံးဝမဆာဘူး။ ခုတော့ နေ့လည် ၁၁ ခွဲနဲ့ ည ၅ နာရီခွဲဆို ဆာတယ်။ ၁၅ ရက်နဲ့ ဗိုက်နည်းနည်းလေး ကျလာတယ် ဝိတ်ကတော့ လုံးဝမကျသေးဘူး။ ဒါပေမဲ့ နေလို့ကောင်းတယ်။ မနက်တိုင်း နာရီဝက် တပတ် ၅ ရက် လေ့ကျင့်ခန်းလုပ်တယ်။

စန်းထွန်း

မေ ၂၂၊ ၂၀၂၄။


Viewing all articles
Browse latest Browse all 722

Trending Articles