Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 722

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၉

$
0
0

၂၀၂၄ ဧပြီ ၂၁ တနင်္ဂနွေနေ့ ပန်ဆယ်ဗေးနီးယားပြည်နယ် Bethlehem မြို့ ပါချုပ်ကျောင်း နှစ်စဥ်ကျင်းပနေကျ သက်ကြီးပူဇော်ပွဲသွားတယ်။ အသက် ၆၅ နှစ်အထက် သက်ကြီးကန်တော့ခံစာရင်းမှာပါပြီး မနှစ်ကလက်ဆောင်ပစ္စည်းတွေ အများကြီးရတော့ သွားဖို့တက်ကြွနေတယ်။ အိမ်ကနေ Penn Station အထိ မိနစ် ၄၀ မြေအောက်ရထားစီး။ New York Penn Station ကနေ New Jersey Edison ဘူတာအထိ NJ Transit ရထား တနာရီစီး။ Edisonကနေ မမီးတို့ကားနဲ့ နောက်ထပ်တနာရီလောက်စီး။ အသွား ၃ နာရီ အပြန် ၃ နာရီပင်ပန်းတယ်။ ၂၀၂၄ ဧပီ ၂၇ စနေနေ့ ပီတိလူကြီးဂေဟာကနေ နယူးဂျာစီပြည်နယ်က အမေရိကန်မှာ အကြီးဆုံးဟိန္ဒူဘုရားကျောင်း BAPS Swaminarayan Akshardham နဲ့ ဟော်လန်ကျူးလစ်ပန်းခြံဆီ တယောက် ၄၅ ကျပ်နဲ့ ပို့ပေးတယ်။ အဖေတို့ကတော့ မနက် ၇ နာရီခွဲလောက်ကတည်းက ထမင်းချိုင့်နဲ့ ထွက်သွားလိုက်တာ အိမ်ကိုညနေ ၅ နာရီကျော်မှ ပြန်ရောက်တယ်။ အထက်တန်းကျောင်းသားလေးတွေ လေ့လာရေးခရီးထွက်တာ ကျနေတာပဲ။ ကိုယ်တို့နေကြာပန်းနဲ့ရိုက်ချင်တဲ့နေရာက ဟော်လန်လယ်တောပဲ။ အများသုံးသယ်ယူပို့ဆောင်ရေးမရှိ ကိုယ်ပိုင်ကားနဲ့မှ သွားဖို့အဆင်ပြေတာမို့လို့ sunflower tour ရှာနေတာ သိပ်မတွေ့ဘူး။ တွေ့ပြန်တော့လည်း ပြီးသွားပြီ။ ကျူးလစ်ပန်းတွေ တအားလှတယ်။ မကြီးက အလေးမခိုင်းလို့ အမေက မနေတာ။ နေ့လည် ၂ နာရီနေရာင်ရရင် အပင်လေးတွေ နေရောင်ပြတယ်။


Viewing all articles
Browse latest Browse all 722

Trending Articles