Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 717

Bronx River Pathway - 1 …

$
0
0

 ၂၀၂၁ နိုဝင်ဘာ ၁၄ တနင်္ဂနွေနေ့ နယူးယောက်ပြည်နယ် Upstate ဖက်က Bronx River Pathway ထရေးလမ်းမှာ ၇ မိုင် လမ်းလျှောက်ဖြစ်တယ်။ မက်ဟန်တန်ကနေ မြောက်ဖက် ဘာဖဲလိုး Buffalo၊ ကနေဒါနယ်စပ်နားအထိ မိုင် ၇၀၀ ကျော်ရှည်တဲ့ Empire State Trail ကို ရထားနဲ့သွားလို့ရမဲ့နေရာတွေကို ရှာဖွေရင်းတွေ့တာ။ Grand Central ကနေ Metro North ရထားစီး Bronxville ဘူတာမှာဆင်း ထရေးလမ်းက ဘူတာနဲ့နီးနီးလေး။  ရထားရဲ့ဟိုဖက်ခြမ်းကို ဘယ်လိုကူးရမလဲ ဂူဂယ်မတ်ကြည့်ရှာဖွေ ဘေးပတ်ပတ်လည်ကို ပြူးပြဲကြည့် ဝိုင်းက မြေအောက်လမ်းကို ရှာဖွေတွေ့ရှိသွားတယ်။ ဘရောင်းမြစ်ကသေးသေးလေး မြစ်ဘေးတလျှောက် ထရေးလမ်းလေးက သာယာလိုက်တာ လမ်းလျှောက်တဲ့သူ၊ အပြေးလေ့ကျင့်တဲ့သူတွေနဲ့။ ဟိုင်းဝေးလမ်းမကြီးရှိလို့ ဆူညံပေမဲ့ တော်တော်သာယာအေးချမ်းတယ်။ မုန့်စားလိုက်၊ စကားပြောလိုက်၊ နားလိုက်နဲ့ Scarsdale ရောက်တော့ ၂ နာရီ။ မြေပုံမှာ လမ်းမရှိပေမဲ့ ဝိုင်းက အန်တီတယောက်ကို မေးကြည့်လိုက်တော့ အသစ်ဖောက်ထားတာ Hartsdale အထိ တဆက်တည်း ၂ မိုင်တဲ့။ ရထားလက်မှတ်က Scarsdale အထိပဲ ဝယ်ထားတာ။ Scarsdale ကနေ Hartsdale အထိထရေးလမ်းက အလှဆုံးပဲ။ သစ်ရွက်တွေက လှလွန်းလို့ ဓာတ်ပုံတွေအများကြီး ရိုက်တယ်။ အိုင်ဖုန်း 7 Plus အစုတ်လေးနဲ့တောင် ဒီလောက်လှတာ အိုင်ဖုန်းအသစ်ဆိုရင် ဘယ်လောက်တောင် လှမလဲမသိဘူး။ ဒီလိုအချိန်ဆို ဖုန်းအသစ်လိုချင်တယ်။ Hartsdale ရောက်တော့ Scarsdale အထိ လက်မှတ်ထပ်ဝယ်။ လက်မှတ်နှစ်စောင်ပေးလို့ ရထားလက်မှတ်စစ်တဲ့သူက ကြောင်တောင်တောင် ဖြစ်သွားတယ်။ ငါတို့ Scarsdale အထိလျှောက်မယ်ဆိုပြီး လက်မှတ်ဝယ်လာတာ တဘူတာပိုလျှောက်မိလို့ ထပ်ဝယ်ရတာလို့ ရှင်းပြရတယ်။

Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၁၈၊ ၂၀၂၁။


Viewing all articles
Browse latest Browse all 717

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ