Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 721

Empire State Trail - 3

$
0
0

၂၀၂၁ နိုဝင်ဘာ  ၆ စနေနေ့ ဂရမ်းစမ်ထရမ်ဘူတာကနေ မနက် ၈ ၄၅ ရထားနဲ့ နှစ်နာရီစီးပြီးတဲ့အခါ ဂိတ်ဆုံးက Poughkeepsie။ ရထားတစီးလုံး လူအပြည့်ဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ Cold Springs မှာ လူတော်တော် ဆင်းသွားတယ် Bear Mountain မှာလည်း လူအပြည့်နေမှပဲ။ Poughkeepsie ကို ၂၀၁၈ နွေရာသီတုန်းက ရောက်ဖူးတယ်။ အဲ့ဒီတုန်းကWalkaway Over Hudson တံတားကိုဖြတ် နယူးဂျာဆီဖက်ခြမ်းကနေ နောက်တံတားတခုကိုဖြတ်ပြီး တပတ်လမ်းလျှောက်ဖူးတယ်။ အချိန်ပိုနေသေးလို့ အနီးအနားက Estate ကို Uber နဲ့ သွားကြတယ်။ မော့ဆက်တီထွင်ခဲ့သူ နေတဲ့အိမ်တဲ့ ဓာတ်ပုံရိုက်ခွင့် မရှိဘူး။ အင်ပါယာစတိတ်ထရေးလမ်းက  နယူးယောက်ပြည်နယ်နဲ့ နယူးဂျာဆီပြည်နယ်ကြားက Walkaway Over Hudson တံတား။ တံတားပေါ်မှာ လူတွေအများကြီး တံတားအစအဆုံးတောင် နှစ်မိုင်လောက် လျှောက်ရတယ်။ နယူးဂျာဆီဖက်ခြမ်းကို ရွေးလိုက်တယ်။ Hudson Valley Rail Trail တဲ့ စက်ဘီးစီးတဲ့လူများတယ်။ လမ်းကဖြောင့်ဖြူးနေပြီး လူနေအိမ်တွေကြားထဲ ဖြတ်သွားပေမဲ့ တောအုပ်ထဲရောက်သွားသလိုပဲ။ အရင်အပတ် Old Critib Aqueduct ထရေးမှာတုန်းက trail connection ရောက်တိုင်း လမ်းရှာရလို့ အတော်စိတ်ပင်ပန်းရတယ်။ ခုတော့ လမ်းကဖြောင့်တန်း လမ်းမှားစရာလည်းမရှိလို့ စိတ်မပင်ပန်း လမ်းကလည်း ဖြူးနေလို့ မပင်ပန်းဘူး။ သယ်လာတာတွေစား ညောင်းလာရင်နား စကားတွေပြော နေ့လည်တနာရီခွဲဆို ရောက်တဲ့နေရာကနေပြန်လှည့် ရထားဘူတာဖက်ဆီ ပြန်ကြတယ်။ စံချိန်သစ် ၁၁ မိုင် လမ်းလျှောက်ဖြစ်တယ်။ ဂျွှန်လတုန်းက ၃ မိုင် တနာရီလောက် လမ်းလျှောက်တာနဲ့ ခြေထောက်ကနာတယ်။ ခုတော့ ၈ မိုင်လောက်မှ ခြေထောက်ကနာလာပြီး ခဏနားပြန်လျှောက် ၁၁ မိုင် လျှောက်နိုင်ပြီ။ ကိုယ်တို့ ချီလီနိုင်ငံက Torres de Pine မှာ ဟိုက်ကင်းထွက်ဖို့ ရယ်ဒီဖြစ်ပြီကွ။ အိမ်ပြန်ရောက်တဲ့အခါ ခြေထောက်ကို ဆားခါးထည့်ပြီး ရေနွေးလေးနဲ့စိမ်။ ဂျပန်ခြေထောက် detox လုပ်တဲ့ဆေးထုပ်ကို ခြေဖဝါးကပ်ပြီး ခြေအိတ်စွပ်ပြီး အိပ်ယာဝင်။ ဟိုက်ကင်းထွက်တဲ့နေ့ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။

https://empiretrail.ny.gov/poughkeepsie-albany/lloyd-new-paltz

 Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၁၁၊ ၂၀၂၁။


Viewing all articles
Browse latest Browse all 721

Trending Articles