Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 720

Empire State Trail - 1

$
0
0

 အောက်တိုဘာ ၁၇ တနင်္ဂနွေနေ့ အမ်ပါယာစတိတ်ထရေးမှာ ဟိုက်ကင်းထွက်မယ်လို့ စီစဥ◌်ထားတယ်။ ပုံမှန်ဆို စနေနေ့ဟိုက်ကင်းထွက် တနင်္ဂနွေနေ့ အနားယူ။ ဒီတပတ်က စနေနေ့မိုးရွာမယ်ဆိုလို့ တနင်္ဂနွေနေ့သွားဖို့ စီစဥ◌်ထားတာ စနေနေ့က မိုးမရွာဘဲ နေခြစ်ခြစ်တောက်ပူ။ ခန့်မှန်းချက်မှားတာ နှစ်ခါကြုံပြီးပြီ နောက်ဆိုရင် သောကြာနေ့ ရာသီဥတုပြန်ကြည့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အစီအစဥ◌်ပြောင်းရမယ်။ အမ်ပါယာစတိတ်ထရေးလမ်းကို သိရတာက ဝိုင်းလုပ်ဖော်ကိုင်ဖက်ဆီက။ ဘရူစတာဘူမှာဆင်း ၁၀ မိနစ်လောက်လမ်းလျှောက် ဘယ်ကွေ့ညာကွေ့ ရှင်းရှင်းလေးတဲ့။ ဂူဂယ်မှာရှာချင်တော့ ခုမှအသိဖွင့်လိုက်ပြီး မိုင် ၇၅၀ ရှည်တယ် နယူးယောက်ကနေ ဟက်ဆန်မြစ်လွင်ပြင်ကို ဖြတ်ကျော်ပြီး Erie Canal ကိုဖြတ်ကာ အနောက်ဖက် နိုင်အာဂရာရေတံခွန်နားက ဘာဖဲလိုးမြို့အထိ ၊ မြောက်ဖက်ဆိုရင် ချန်ပိန်ရေကန်၊ Adirondacks ဒေသကို ဖြတ်ကျော်ပြီး ကနေဒါနယ်စပ်အထိ လမ်းပေါက်တယ်။ ၂၀၁၇ ကနေ စတာ ၂၀၂၁ မှ ပြီးတယ်။ နယူးယောက် ဂရမ်းစင်ထရယ်ဘူတာကနေ မနက် ၈ နာရီ ၂၀ SouthEast bound line ရထားကိုစီး ၂ နာရီအဝေးက Brewster မှာဆင်း။ ထရေးလမ်းဘယ်မှာမှန်းမသိလို့ စက်ဘီးအုပ်စု တိုးဂိုက်ကိုမေးကြည့်တော့ နောက်ဆယ်မိနစ်စောင့်ပါတဲ့။ မစောင့်နိုင်တော့လို့ ဝိုင်းလုပ်ဖော်ကိုင်ဖက် ညွှန်လိုက်တဲ့အတိုင်း ဘယ်ကွေ့ပြီး လမ်းလျှောက်လာတာ မြေပုံမှာကြည့်ထားတုန်းက မြောက်ဖက်စူးစူးပါ ဂူဂယ်မတ်စ်မှာ အရှေ့ဖက်ကိုသွားနေတယ်လို့ ပြနေတယ်။ နေဥ◌ီးဆိုပြီး မတ်စ်ကိုပြန်ကြည့် ဂူဂယ်မတ်စ်ကိုကြည့် ဝိုင်း လမ်းမှားနေတယ်။ ကိုယ်က မြေပုံကျွှမ်းတော့ ကို့ယ့်ကိုဥ◌ီးဆောင်ခိုင်းတယ်။ စောနက စက်ဘီးသမားတွေ သွားတဲ့နေရာပဲ မီးပွိုင့်ကနေ ထရေးလမ်းနှစ်ခုရှိတယ် အရှေ့နဲ့အနောက် ဘယ်ထရေးကိုသွားမလဲ။ ကိုယ်ကောင်းမယ်ထင်တာရွေးတဲ့ မင်းလုပ်ဖော်ကိုင်ဖက်ညွန်လိုက်တာ ညာဖက်ထရေးလမ်း အဲ့ဒီဖက်ကိုအရင်သွားကြည့်ရအောင်။ နောက်အပတ်ကျမှ နောက်ထရေးလမ်းကိုသွားမယ်။ ဂူဂယ်မတ်မှာ မရှင်းလင်းလို့ အတော်ရှာယူလိုက်ရတယ်။ အင်ပါယာစတိတ်ဆိုင်းဘုတ်ကြီးကို မြင်တော့မှ စိတ်အေးသွားတယ်။ Maybrook Trailway ၉ မိုင်ရှည်တယ်။ ကိုယ်တို့က ဝိုင်းလုပ်ဖော်ကိုင်ဖက်လို Ice Pond အထိလျှောက်ပြီး လာလမ်းအတိုင်း ပြန်ရမှာ။ အင်မတန် သာယာတယ် တွေ့တဲ့လူတိုင်း ဖော်ရွေပျူငှာ နှုတ်ဆက်ကြတယ်။ နေ့လည် ၁၂ နာရီခွဲ Lake Tonetta ဘေးနားမှာ နေ့လည်စာစားကြတယ်။ ဝိုင်းက မနက်စာအဝတီးလာတယ် ကိုယ်က ကြက်ဥကြော် ကြက်ဥပြုတ်စားတယ်။ ခဏနားပြီး Ice Pond အထိ ၄ မိုင်ခွဲ ချီတက်ကြတယ်။ ရေကန်ထဲမှာ ငန်းနှစ်ကောင် ရေကူးနေတယ်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာ သိပ်လှတာပဲ။ ပြန်လာတော့ တော်တော်ပင်ပန်းနေပြီ ဝိုင်းက သူ့လုပ်ဖော်ကိုင်ဖက်က သက်လတ်ပိုင်းအရွယ် ခပ်ဖိုင့်ဖိုင့် သူတောင် Ice Pond ရောက်ရင် ငါကဘာလို့မရောက်ရမလဲနဲ့။ သူ့လုပ်ဖော်ကိုင်ဖက်ကို လျှော့တွက်မိတယ် ကိုယ်တွေတောင် ဒီလောက်ပင်ပန်းတာ သူ့လုပ်ဖော်ကိုင်ဖက်ကို ချီးမွမ်းတယ်တဲ့။ အပြန်ရေကန်နားမှာ နားနေတုန်း ဖြတ်သွားတဲ့ကောင်လေးတယောက်က ရထားကြည့်ဥ◌ီးနော်လို့ စသွားတယ်။ ရထားက ၃ နာရီ ၁၅ နောက်တနာရီကြာမှတစီးရှိတာဆိုတော့ မှီအောင်အသားကုန်ပြေးကြတာ ၃ မိနစ်အလို ဘူတာရုံရောက်တယ်။ အဲ့ဒီနေ့ကတော့ အိုင်ဖုန်းအသစ်လိုချင်သွားတယ် ကိုယ်တို့ဖုန်းက အိုင်ဖုန်း 7 Plus ဆိုတော့ ကင်မရာမကောင်းဘူး။ ကိုယ့်ဖုန်းက တော်တော်ဆိုးတာ မကြာခဏကျကွဲလို့ ဝါးတားတာ ဝိုင်းဖုန်းက ကိုယ့်ဖုန်းထက် ပိုကောင်းတယ်။ ကိုယ့် Canon 7D လည်း မသယ်နိုင်။ ဒီအချိန်မှာ ဖုန်းကောင်းကောင်း၊ ကင်မရာကောင်းကောင်းနဲ့ ရိုက်လိုက်ရရင် ဓာတ်ပုံတော်တော်လှမှာ။ အလာစကာသွားတုန်းက ဟန်က အိုင်ဖုန်း၁၀နဲ့ လေယာဥ◌်ပေါ်ကနေ Anchorage မြို့ကိုရိုက်တာ အင်မတန်လှတာပဲ။ ကင်မရာအကြီးနဲ့ ရိုက်ထားတယ်လို့ ထင်ရတယ်။ ၂၀၁၉ ဆောင်းဥ◌ီးရာသီချိန် ဝက်ဝံတောင်သွားတက်တုန်းက ကင်မရာအကြီးတွေနဲ့ရိုက်တော့ ဓာတ်ပုံလှလှလေးတွေရတယ်။ ခုတော့ ကင်မရာကြီး မသယ်နိုင်တော့ ဖုန်းကောင်းကောင်း၊ ဒါမှမဟုတ် ကင်မရာပေါ့ပေါ့ပါးပါးလေးပဲ လိုချင်မိတယ်။ အရင်တုန်းက ကင်မရာအကြီးကြီးကို အားကျတယ် လူအထင်ကြီးအောင်လို့။ ခုတော့ ပေါ့ပါ့ပါးပါး လွတ်လွတ်လပ်လပ် လူသက်သာဖို့ အရေးကြီးတယ် ဖြစ်ကုန်ပြီ။

Happy Hiking!
စန်းထွန်း
နိုဝင်ဘာ ၈၊ ၂၀၂၁။ 

https://empiretrail.ny.gov/new-york-city-poughkeepsie/brewster-pawling


Viewing all articles
Browse latest Browse all 720

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး