Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 720

နွေဦးတော်လှန်ရေး - ၁

$
0
0

ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစလို့ မအိပ်နိုင်၊ မစားနိုင်၊ မပျော်နိုင် သတင်းတွေကြည့်ပြီး ဒေါသထွက် လူသတ်ချင် မဆဲတတ်တဲ့လူတောင် ဆဲတတ်လာပြီ။ ဖေဖေါ်ဝါရီ ဒုတိယပတ် နယူးယောက်ယူအန်မှာလုပ်တဲ့ ပထမဆုံးဆန္ဒပြပွဲသွားတယ်။ တအားအေးပေမဲ့ လူတွေအများကြီးပဲ တချို့ဆို ပန်ဆယ်ဗေးနီးယားပြည်နယ်ကနေ သုံးနာရီကျော် ကားမောင်းလာကြတယ်။ ဒုတိယအကြိမ် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတယ်။ တယောက်တည်းသွားတာဆိုတော့ ဓာတ်ပုံရိုက်ပေးမဲ့သူမရှိဘူး။ အေးတော့ လက်အိတ်ချွှတ်ပြီး မရိုက်ချင် ဆယ်ဖီလည်း မရိုက်ချင်နဲ့ ဓာတ်ပုံတပုံမှမရှိဘူး။ ဖေဖေါ်ဝါရီ ၂၆ နေ့လည် ၂ ခွဲကနေ ၄ ခွဲ ယူအန်နားမှာ တတိယအကြိမ် ဆန္ဒပြပွဲဆင်နွှဲတယ်။ အဲဒီနေ့က စောစောရောက်လို့ ရှေ့တန်းအလံကိုင်တဲ့ နေရာမှာပါလို့ ဓာတ်ပုံထဲပါတယ်။ အဲဒီနေ့မနက်က်ပိုင်းမှာ စင်္ကာပူသံရုံးရှေ့မှာ ဆန္ဒပြပွဲတပွဲ နေ့လည် ယူအန်ရှေ့တပွဲ နှစ်ပွဲရှိတယ်။ ကိုယ့်ဘေးကအမတွေဆို နှစ်ပွဲလုံးပါတာတဲ့။ နှစ်နာရီလေး အေးအေးချမ်းချမ်း ဆန္ဒပြတာတောင် ဒီလောက်ပင်ပန်းတာ ပူပြင်းလွန်းတဲ့ မြန်မာပြည်ရဲ့နွေရာသီ အပူချိန် သေနတ်နဲ့ပစ်သတ်ခံရမှာ အဖမ်းခံရမှာ သိရက်နဲ့ ဆန္ဒပြတဲ့သူတွေကို တကယ်လေးစားမိတယ်။ မြန်မာပြည်ကလူတွေ အသက်စွန့်ပြီး အာဏာရှင်ကို အံတုနေချိန်မှာ နိုင်ငံရပ်ခြားကမြန်မာတွေလည်း တတ်နိုင်သလောက် ဆောင်ရွက်ကြပါတယ်။ ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား ဝေဖန်ဖို့အချိန်မရှိဘူး။ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်တယ် အလှုငွေထည့်၊ ဆန္ဒပြတယ်။ ရန်ပုံငွေရှာ ​ဈးရောင်းပွဲတွေမှာ လုပ်အားပေးတယ်။ အမတ်တွေကို စာပို့အီးမေးလ်ပို့ Petition တင်ဖို့လက်မှတ်ထိုး သိသင့်သိထိုက်တဲ့ပို့စ်တွေရှယ် ကြားနေတဲ့သူအနည်းစုကို အဆက်ဖြတ်။ လှုတာလည်းပြတ်တယ် စိတ်ချရတဲ့နေရာမှာလှုတယ် ပြေစာမလို ဓာတ်ပုံမလိုဘူး။ အမေက စစ်ကောင်စီပွဲတက်တဲ့ ကျောင်းထိုင်ဆရာတော်ကျောင်းကို ဆွမ်းမပို့ဘူး အဖေက ထီမထိုးဘူး။ 

အရေးတော်ပုံ အောင်ရမည်!!! 
စန်းထွန်း 
ဇွန် ၁၂၊ ၂၀၂၁။ 

Photo credit - Kyaw Soe Latt


Viewing all articles
Browse latest Browse all 720

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်