Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 723

မောင်မောင်ရေ - ၂

$
0
0

ဇွန် ၃ ရက် မောင်မောင်ဆုံးတာ နှစ်နှစ်ပြည့်ပြီ။ တွေးမိတိုင်း နာကျင်ကြေကွဲ ဝမ်းနည်းနေတုန်းပဲ။ မကြီးသူငယ်ချင်း မမျိုးရဲ့သူငယ်ချင်း သဘာဝတရားရိပ်သာက သီလရှင်ဆရာလေးဝိမလစာရီ နယူးယောက်ရောက်နေတယ်ဆိုလို့ မေ ၂၂ စနေနေ့မနက်မှာ သွားတွေ့ဆုံပြီး နဝကမ္မအလှုငွေ လှုဖြစ်တယ်။ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာ ၂ နှစ်ပြည့် ဆွမ်းကပ်လှုတယ်။ မကြီးသူငယ်ချင်းယိမ်းယိမ်းက ဆောင်ရွက်ပေးလို့ အဆင်ပြေသွားတယ်။ မိတ်ဆွေကောင်းတွေရှိတာ ကံကောင်းခြင်းတမျိုးပါပဲ။ ကိုယ်တို့မိသားစုဝင်တိုင်းရဲ့ မွေးနေ့ရက်တိုင်း ဗောဓိရိပ်ငြိမ်တောရမှာ ရာသက်ပန်ဆွမ်းလှုပါတယ်။ တရက်မှမေ့မရ နေ့တိုင်းကုသိုလ်လုပ်ပြီး အမျှဝေပါတယ်။ ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ ကောင်းရာသုဂတိ ရောက်ပါစေ။

စန်းထွန်း
ဇွန် ၅၊ ၂၀၂၁။


Viewing all articles
Browse latest Browse all 723

Trending Articles