Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 724

လွမ်းမိတယ်...

$
0
0
ဘုရားရှိခိုးကျောင်းဆီက ခေါင်းလောင်းသံတွေ ကြားရတဲ့အခါ မင်းရဲ့  ဂစ်တာသံကို လွမ်းမိတယ်....
သစ်ပင်ထက်ဆီမှာ အစိမ်းရောင် သစ်ရွက်ဖူးလေးတွေနဲ့  သြကာသတစ်ခုလုံး လှပနေတဲ့အခါ မင်းကို လွမ်းမိတယ်...
နေရောင်ခြည်နွေးနွေးတွေ ဖြာလဲ့နေတဲ့အခါ မင်းမျက်ဝန်းညိုညိုတွေဆီက ဖြာကျလာတတ်တဲ့ အကြင်နာအကြည့် နွေးနွေးလေးတွေကို လွမ်းမိတယ်....
ပန်းရောင်စုံ ဖူးပွင့်နေတာကို မြင်ရတဲ့အခါ မင်းအပြုံးတွေကို လွမ်းမိတယ်....
စိမ်းညှို့ နေတဲ့ ကန်ရေပြင်ကို မြင်ရတဲ့အခါ တည်ငြိမ်အေးချမ်းတဲ့ မင်းမျက်ဝန်းညိုညိုတွေကို လွမ်းမိတယ်....
ကိုယ်တို့ အတူလျှောက်ခဲ့ဖူးတဲ့နေရာတွေကို ရောက်တဲ့အခါ မင်းကို လွမ်းမိတယ်....
ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို မြင်ရတဲ့အခါ ကိုယ့်စိတ်တွေဟာလည်း မင်းရှိရာအရပ်ဆီသို့  လွင့်မျောသွားတတ်တယ်....
ကိုယ်တို့  ပြန်ဆုံတွေ့ ခဲ့ကြရင် ကိုယ် မင်းကို လွမ်းနေခဲ့တယ်ဆိုတာ ပြောပြချင်မိသား....

စန်းထွန်း
မေ ၆၊ ၂၀၁၅။


Viewing all articles
Browse latest Browse all 724

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ချစ်စရာ့ မြန်မာ့ဓလေ့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သမ္မတ ဖြစ်ချင်တဲ့ နောက်တစ်ဦး က ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


မြန်မာတွေ ရွှေဖျင်းညီနောင်ကို တစ်ကယ်ပူဇော်ကြသလား


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


.ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်... ( ၁ )