Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 717

ကနေဒါသွား တောလား - ၈

$
0
0

၂၀၂၄ ဇှုလှိုင် ၁၆ အင်္ဂါနေ့ မနက် ၈ နာရီခွဲ တိုးဂိုက်လာခေါ်မဲ့ဟိုတယ်က ဟိုတယ်ကနေ ဘတ်စ်ကားစီးရင်တောင် နာရီဝက်။ နာရီဝက်ဘတ်စ်ကားစီးရမယ်ဆိုတာကို နာရီဝက်လမ်းလျှောက်ရမယ်လို့ ထင်နေတာ။ street car စီးဖို့ ဟိုဖက်ဒီဖက်ရှာနေတာနဲ့ ကားလွတ်။ နောက်ဆုံးတော့ Uber ငှားစီးလိုက်ရတယ်။ နီးနီးလေးပဲကို မီးပွိုင့်ကားလမ်းပိတ်တာနဲ့ ၈ နာရီခွဲကွက်တိရောက်တယ်။ ၄ နေရာလောက်ဝင်ခေါ်ပြီး CN Tower ကိုလိုက်ပို့တယ်။ တယောက်တည်းလာတဲ့ ဂျာမန်မကြီးကို ဓာတ်ပုံရိုက်ပေးတယ်။ အင်္ဂလိပ်လိုလည်းမကျွှမ်း ဓာတ်ပုံကလည်း ဂျီးများ။ သူရိုက်ချင်သလို ကိုယ့်ကိုရိုက်ပြပေး အဲ့လိုရိုက်ပေးလို့ သဘောကျနေလေရဲ့။ တိုရွန်တိုတမြို့လုံးကို လမ်းလျှောက်နေတာတဲ့။ နွေရာသီဆို ကနေဒါနဲ့ စပိန်ကိုလာလည်တယ်တဲ့။ ဆန်ခရိုမန်တိုကနေ တယောက်တည်းလာတဲ့ အန်ကယ်ကြီးက အဖေ့ကို ဓာတ်ပုံရိုက်ခိုင်းတယ်။ မိုးတွေတအားရွာနေလို့ တိမ်တွေကို မြင်ရတယ်။ Magnet ၅ ခုထပ်ဝယ်တယ်။ ပထမဆုံးနေ့က ရောက်ခဲ့တဲ့ တိုရွန်တိုဆိုင်းဘုတ်နဲ့ ဓာတ်ပုံရိုက်မလို့ကို မိုးတအားရွာနေလို့ ကားထဲကထွက်ဖို့ကို မလွယ်ဘူး။ Underground city လိုက်ပြတယ် မြို့ထဲတမိုင်ကျော် မြေအောက်ကဆိုင်ခန်း လျော့မင်းမောလ်ကို လိုက်ပြတယ်။ တိုရွန်တိုက တအားအေးလို့ ဆောင်းတွင်းဆို မိုင်းနပ် ၁၄ အေးလွန်းလို့ မြေအောက်ထဲမှာပဲ တွေ့ကြတာတဲ့။ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိတဲ့ စျေးကြီးကိုလိုက်ပို့တယ်။ တရုတ်ဘူဖေးတဘူးဝယ်တယ်။ ခရူသင်္ဘောကတော့ ရာသီဥတုဆိုးလို့ ဖျက်လိုက်တယ်။ အဲ့ဒါကိုယ့်အတွက် ကံကောင်းသွားတယ်။ ခရူသင်္ဘောသာစီးရရင် ညနေ ၄ နာရီလောက်မှပြီးမှာ ညနေ ၆ နာရီလေယာဥ် ဘယ်လိုမှမမှီဘူး။ Viator tour ကိုမေးကြည့်တော့ နေ့လည်တနာရီလောက်ပြီးမှာဆိုလို့ ဘွတ်လိုက်တာ။ ဘူတာနားမှာရပ်ပေးတာ ဘူတာပတ်ပတ်လည်လျှောက် ဘူတာကပိတ်။ street car စီးဖို့ ဟိုဖက်လမ်းကူးလိုက် ဒီဖက်လမ်းကူးလိုက်နဲ့။ နောက်ဆုံးတော့ လမ်းကြားလေးထဲကနေ Uber စီး ဟိုတယ်ထဲဝင် လက်ကေ့အိတ်တွေယူ လေဆိပ်သွား။ လမ်းပိတ်တာ တအားဆိုးလို့ တနာရီကျော်ကြာတယ်။

လေဆိပ်ကြီးက အကျယ်ကြီး လူတွေကလည်း အများကြီး။ လူများလို့ ဟမ်းကယ်ရီအိတ်တောင် သေချာမစစ်ဘူး လုံခြုံရေးကောင်တာဖြတ်။ လေယာဥ်လက်မှတ်မှာ ဇုန်နံပါတ်မပါလို့ သွားမေးကြည့်တော့ ကိုယ်တို့က Stand By ခုံနံပါတ်မရသေးဘူး။ ညနေ ၅ နာရီမှ ခုံနံပါတ်ရတယ် ဟမ်းကယ်ရီအိတ်က ကြီးနေလို့ ဖရီးချက်ကင်ပေးတယ်။ ခဏနေတော့ ဂိတ်ပြောင်းလို့ ပြေးရပြန်တယ်။ ည ၆ နာရီက ၆း၂၀၊ ၆း၄၀၊ ၇း၃၀ အချိန်တွေရွေ့။ ကိုယ်တို့လေယာဥ်က လာဂွာရီးရား ဘေးကလေယာဥ်က နူဝါ့။ လေယာဥ်အချိန်တူတော့ ခရီးသည်တွေလည်း အုတ်အုတ်ကျက်ကျက်။ နောက်ဆုံးတော့ နူဝါ့လေယာဥ်က ည ၈ နာရီဖြစ်သွားတယ်။ ကိုယ်တို့လေယာဥ်က ဖျက်သိမ်းသွားတယ်။ customer service ဆီပြေးတန်းစီ နယူးယောက်၊ နယူးဂျာစီလေဆိပ် အကုန်ရတယ် ငါတို့တော့ ဒီညလေယာဥ်နဲ့လိုက်မှဖြစ်မယ် ကူညီပေးပါ။ နူဝါ့လေယာဥ်ရှိတယ် နင့်အိတ်ချက်ကင်ထားလို့ မရဘူးတဲ့။ ချက်ကင်ထားပေမဲ့ အိတ်ကငါ့ဆီမှာ လေယာဥ်ပေါ်တက်ခါနီးမှ ပေးရမှာလို့ အိတ်ကိုပြတော့မှ နူဝါ့လေယာဥ်ကိုရအောင်လုပ်ပေးလုပ်တယ်။ ကိုယ့်ရှေ့ကအန်တီကြီးကတော့ သူ့အိတ်ကချက်ကင် လေယာဥ်ဗိုက်ထဲရောက်နေပြီမို့လို့ ပြောင်းပေးလို့မရဘူး နောက်နေ့ညလေယာဥ်ပဲရမယ်တဲ့။ ကိုယ်တို့ကတော့ ကံကောင်းစွာနဲ့ ခုံ၃ခုံလည်းရှိ အိတ်ကလည်း ချက်ကင်လုပ်မထားလို့ တော်သေးတယ်။ ည ၈ နာရီ နူဝါ့လေယာဥ် ကောင်းကင်ပေါ်တက်တော့မှပဲ စိတ်ဒုန်းဒုန်းချနိုင်တော့တယ်။ တညအိပ်ရရင် မလွယ်ဘူး ဟိုတယ်ခ၊ တက္ကစီခ၊ စားစရိတ်နဲ့။ ညနေ ၄ နာရီကနေ ၈ နာရီအထိ ဟိုဖက်ဂိတ်ပြေးလိုက် ဒီဖက်ဂိတ်ပြေးလိုက်နဲ့ ဖက်ဖက်ကိုမော။ နူဝါ့ကို ည ၁၀ နာရီရောက်တယ်။ Uber စီးတော့ Tesla ကား ဒရိုင်ဘာလေးက အမည်း ငယ်ပြီး နှုတ်ဆက်စကားတောင် မပြောဘူး။

Happy Traveling!

စန်းထွန်း

သြဂုတ် ၂၁၊ ၂၀၂၄။

ဂျာမန်မရိုက်ပေးတဲ့ပုံ သူ့ကိုလည်း အဲ့လိုရိုက်ပေးရတယ်

Viewing all articles
Browse latest Browse all 717

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ