Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 723

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၉

$
0
0
၂၀၂၄ ဇှုလှိုင် ၄ ကြသပတေးနေ့ အမေရိကန်လွတ်လပ်ရေးနေ့။ မေစီမီးရှူးမီးပန်းက နယူးဂျာစီပြည်နယ်နဲ့ နယူးယောက်ပြည်နယ်ကြားထဲက ဟက်ဆန်မြစ်ထဲမှာဖောက်မှာ။ လက်မှတ်တသောင်း အလကားပေးလို့ ဝက်ဆိုဒ်ဝင်တာ ဝင်မရ။ ဝင်လို့ရတော့ ကုန်သွားပြီတဲ့။ ဒါဆိုလည်း လူသွားတိုးပြီးကြည့်မလားမေးတော့ လူမတိုးနိုင်ဘူး ခေါင်းမူးတယ်။ ဒါဆိုကိုနီအိုင်လန်သွားမလားမေးတော့ မရောက်ဘူးတော့ သွားမယ်တဲ့။ နေ့လည် ၁၁ နာရီအိမ်ကထွက်တာ ၁၂ ခွဲမှကမ်းခြေရောက်တယ်။ Ocean Parkway ဘူတာနားမှာကကမ်းခြေမှာ လူတွေအများကြီးပဲ။ ကမ်းခြေတလျှောက်ပတ်လျှောက်။ အဖေက ဂုန်းတွေလိုက်ပြတယ် အသိညီမလေးက ရေထဲဆင်းပြီး ဂုန်းခွာမလို့။ ရေတက်နေပြီ ထိခိုက်ဒဏ်ရာရနေဦးမယ် အတင်းတားရတယ်။ ညနေ ၄ နာရီကစားကွင်းနားမှာ လူများလို့တိုးမပေါက်ဘူး။ အစက တံတားအထိသွားမလို့ လူတိုးရတာ အမေကခေါင်းမူးလာလို့ အိမ်ပြန်ခဲ့တယ်။
Happy July 4th!
စန်းထွန်း
ဇှုလှိုင် ၂၀၊ ၂၀၂၄။

Viewing all articles
Browse latest Browse all 723