Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 723

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၇

$
0
0

နေ့လည်ထမင်းစားပြီးတော့ Dumbarton Oaks ပြတိုက်နဲ့ပန်းခြံဆီသွားတယ်။ ပြတိုက်မှာ ခရစ်တော်မပေါ်မှီ ၅-၆ရာစုက အကြွေစေ့တွေ၊ ရှားပါးပစ္စည်းတွေ ပြထားတယ်။ သူဌေးကြီးဘလစ်က ရှေးဟောင်းပစ္စည်းတွေ ရှာဖွေတာ ဝါသနာပါပြီး ချမ်းသာတော့ ရှားပါးပစ္စည်းတွေ စုဆောင်းတယ်။ ပြတိုက်တွေကတောင် art exhibition အတွက်လိုလို့ သူ့ဆီက ငှားရတယ်။ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ယူအန်အဖွဲ့အစည်းထောင်ဖို့  သူ့အိမ်ဧည့်ခန်းမှာ ဆွေးနွေးခဲ့ကြတယ်။ သူ့ခြံဧက ၅၀ ကျော်ကိုလည်း နိုင်ငံကိုလှူထားတယ်။ သစ်ပင်ပန်းမန်တွေ၊ ရေကန်တွေ၊ တောင်တက်တောင်ဆင်း၊ နားနေဆောင်လေးတွေနဲ့ အင်မတန်သာယာတယ်။ ဂျော့တောင်းက တူးမြောင်းက ဘာဖဲလိုးမြို့နားအထိပေါက်တယ်။ ပတ်တိုးမြစ်နားအထိလျှောက်ပြီး ညနေ ၄ နာရီ TJMax ဝင်ပြီး ရေဝင်ဝယ်။ Circular bus စီးပြီး DuPont Circle ဘူတာမှားဆင်း။ အနီရောင်လိုင်းစီးပြီး Union Station ဘူတာမှာဆင်းတော့ ညနေ ၅ နာရီကျော်။ Chipotle လေးမှာ taco ဝယ်ပြီး ဘတ်စ်ကားဂိတ်မှာစောင့်။ ဓာတ်ပုံတွေကို airdrop ကနေပို့ ကားပေါ်အမြန်တက်ပြေးရတာ ကျေးဇူးတင်စကားမပြောလိုက်ရလို့ ဖုန်းခေါ်ပြီးပြော။ ည ၉ နာရီ ၄၅ နယူးယောက်ကိုရောက်တယ်။ မြေအောက်ရထားစီးပြီး အိမ်ကို ည ၁၀ ခွဲပြန်ရောက်တယ်။ ပင်ပန်းပေမဲ့ သူငယ်ချင်းတွေနဲ့တွေ့ရလို့ ပျော်ပါတယ်။

Happy Traveling!

စန်းထွန်း

ဇူလှိုင် ၆၊ ၂၀၂၄။

သစ်ပင်တွေဖက်ပြီး energy စွမ်းအင်ယူ

ညာဖက်က ပန်းရောင် အလယ်မှာအရောင်ပြေးလေး ဘယ်ဖက်မှာအပြာရောင်


Viewing all articles
Browse latest Browse all 723