Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 722

နွေဦးတော်လှန်ရေး - ၄၀

$
0
0

၂၀၂၄ မေ ၈ စနေနေ့ မနက်ဖက် မျက်စိဆေးခန်း သွားပြတယ်။ Lupus အတွက် Hydro plaquenil 200 mg တနေ့နှစ်ကြိမ်သောက်လာတာ ၁၀ နှစ်ရှိပြီ။ မျက်စိသူငယ်အိမ်မှာ ပြောင်းလဲလာတာတွေ မြင်ရတော့ Retina Specialist နဲ့ ပြရတယ်။ မျက်စိသူငယ်အိမ်ဆရာဝန်က အရပ်ဘယ်လောက်လဲ ၅ ပေ ၂ လက်မ ပေါင်ချိန်က ၁၃၇ ပေါင်။ ညည်း အိုဗာဝိတ်ဖြစ်နေတယ်လို့ ပြောလို့ရင်နာသွားပြီး ဝိတ်ချတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ တနေ့ 300 mg ပဲသောက်သင့်တယ် Lupus ဆရာဝန်ကို စာရေးပေးလိုက်တယ်။ ဒီတော့ Lupus ဆရာဝန်က ပထမနေ့ ၂ လုံး နောက်နေ့ တလုံး သောက်ခိုင်းတယ်။ မျက်စိသူငယ်အိမ်ဆရာဝန်က Toxicity စစ်ခိုင်းလို့ မျက်စိဆေးရုံမှာ သွားစစ်တော့ ကောင်းတယ်။ တစ်နှစ်မှတစ်ခါ စစ်လို့ရတယ် မျက်စိဆရာဝန်ကတော့ ၆ လတခါ စစ်ခိုင်းတယ်။ ဆေးခန်းကအပြန် စတိုးဆိုင်မှာ ပစ္စည်းပြန်ပေး၊ စာကြည့်တိုက် စာအုပ်ပြန်အပ်၊ ၄၁ လမ်းက MUJI ဆိုင်ဝင်။ ပြီးတော့ စာကြည့်တိုက်ရှေ့က ပန်းခြံမှာနား။ ခရစ်ရှစ်နားနတ်ပွဲ လှည့်တာနဲ့ကြုံတယ်။ သူ့သီချင်းက လွယ်လွယ်လေး သီချင်းတပုဒ်လုံး ဟာရေး..ဟာရေး..ဟာရေး..ဟာရေး..ခရစ်ရှစ်နား။ အဝါရောင်တွေဝတ်ပြီး ခရစ်ရှစ်နားကို ယုံကြည်တဲ့သူတွေ လပြည့်နေ့တွေဆိုရင် ဂျက်ဆင်ဟိုက်ဘူတာမှာ ဗုံတီးပြီး သီချင်းဆိုကြတယ်။ သီချင်းကမြူးပြီး တခါတလေ ယုံကြည့်တဲ့အဖြူတွေတွေ့တယ်။ ခိုတွေကလည်း လူကိုမကြောက်ဘူး အေးဆေးပဲ။ အမေစုမွေးနေ့ ဆန္ဒပြပွဲက ၃၂ လမ်းက Greeley Square ပန်းခြံမှာ။ ပြီးတော့ ကိုရီယားဆိုင်၊ ရေခဲမုန့်ဆိုင်မှာ သွားတယ်။ ရေခဲမုန့် ၃ ပွဲမှာပြီး ၁၀ ယောက်လုစားကြတာ ပျော်စရာ။ မောင်နှမတွေလိုဖြစ်နေကြတော့ တယောက်နဲ့တယောက် တွေ့တာနဲ့ ဆူမယ်၊ စွာမယ်၊ ကြိတ်မယ်။ ရယ်ရလွန်းလို့ ပါးတောင်ညောင်း။ မနက် ၈ နာရီကတည်းက ထွက်သွားတာ အိမ်ကို ည ၁၀ နာရီမှ ပြန်ရောက်တယ်။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

ဇွန် ၁၅၊ ၂၀၂၄။

ရေခဲမုန့် ၃ ပွဲမှာပြီး ၁၀ ယောက် လုစားကြရတဲ့ဘဝ
အေကေမိုးရဲ့ သူမတူ အကျဥ်းသားစာအုပ် ဖတ်ချင်ဟန်ဆောင်
မကြီးမငယ် ပူစီပေါင်းမှုတ်
ပန်းရလို့ပျော်နေတာ
ငြိမ်းချမ်းစွာ ဆန္ဒပြကြသူများ၊ ဆူစွာကြိတ်များ

Viewing all articles
Browse latest Browse all 722

Trending Articles