Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 721

ဒီစီသွား တောလား - ၂

$
0
0

၂၀၂၄ မတ် ၂၃ စနေနေ့ မိုးက တော်တော့ကို ရွာနေတာ။ အိမ်ဖြူတော်ဆီ လမ်းလျှောက်ပြီး white house tour ဆီ ဝင်တန်းစီတာ booking confirmation မပါလို့ မဝင်ရဘူး။ white house tour က ကိုယ့်ပြည်နယ်ရဲ့ လွှတ်တော်အမတ်ဆီကနေ တင်ရတယ်။ နိုင်ငံခြားသားဆိုရင်တော့ သံရုံးကနေ တင်ပေးရတာ။ မြန်မာသံရုံးက ဘယ်လိုလုပ်ပြီး တင်ပေးမှာလဲ။ မိုးနည်းနည်းစဲတော့ ၄၅ မိနစ်လမ်းလျှောက်ပြီး National Gallery of Art ဆီသွားတယ်။ National History Museum ရှေ့မှာ တန်းစီနေကြတာ လူတန်းကြီးက အရှည်ကြီး။ National Gallery of Art ကိုယ်တန်းစီပြီး မကြာခင်ဘဲ လူတန်းကြီးက အရှည်ကြီးဖြစ်သွားတယ်။ ပန်းချီပန်းပုလက်ရာတွေကတော့ အံ့မခန်း ကြည့်လို့ကိုမဝဘူး။ ၂ နာရီကြည့်တာ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကြည့်ပြီးသေးတယ်။ ဘယ်လောက်ကြီးသလဲ စဥ်းစားကြည့်တော့။ အပြန်ကျတော့ ပိုဝေးပေမဲ့ National Mall ကနေ ပတ်ခေါ်လာတော့ Capital ၊ Washington Monument ၊ White House ဘယ်မှာဆိုတာ သေသေချာချာ သိသွားတော့တယ်။ တခုချင်းစီ ရောက်ဖူးပြီး ခုမှချိတ်ဆက်သွားတော့တယ်တဲ့။ ၂၀၁၃ ဒီစီမှာ အလုပ်လုပ်တုန်းကဆိုရင် သောကြာနေ့ညနေဆို ကယ်ပီတယ်ကနေ National Mall အထိလမ်းလျှောက်။ အနီးအနားဘူတာကနေ ရထားစီးပြီးအိမ်ပြန်။ ပိတ်ရက်ဆို ဒီစီလာ ပြတိုက်တွေ တနေကုန်ပတ်။ ရာသီဥတုက တော်တော်ဆိုးတယ် မှောင်မည်းလေတိုက်။ တိုးကားတွေ ချပေးတဲ့ ကျောက်တိုင်ဖက် အိမ်ဖြူတော်ဖက်ခြမ်းက အတော်ဝေးတယ်။ ၂၀၁၇ တုန်းက ရိုက်ထားတဲ့ဓာတ်ပုံပြပြီး အဲ့ဒီတုန်းက ကျောက်တိုင်ဖက် အိမ်ဖြူတော်ဖက်ခြမ်းကနေ ရိုက်ခဲ့တာ။ အဲ့ဒီတုန်းက ခြံစည်းရိုးနားကနေ ကပ်ရိုက်ခဲ့တာ။ ခုဆို ခြံစည်းရိုးနား ကပ်လို့မရဘူး ကားလမ်းတခုရှိနေတယ်။ နောက်ဖက်ခြမ်းကတော့ အိမ်ဖြူတော်နဲ့ အတော်နီးတယ်။ ကိုယ်တို့ နှစ်တိုင်းဆန္ဒပြတဲ့နေရာပေါ့။ ပန်းခြံမှာထိုင်နေတုန်း ရဲက ခြံနားမကပ် ကားလမ်းမပေါ် မတက်ခိုင်းဘူး ပန်းခြံထဲပဲ နေခိုင်းတယ်။ အဲ့ဒီဖက်က လူအမြဲစည်ကားတယ်။ ညနေ ၅ နာရီထိုးတော့ ဟိုတယ်ဆီပြန်နားတယ်။ မိုင်းဖန် နင့်ဟိုတယ်က ဘယ်မှာလဲ ငါလာခဲ့မယ်လို့ မတ်ဆေ့ပို့တာ မပြန်ဘူး။ မိုင်းဖန်းက Zoom ကိုသွားတယ် မိုးရွာလို့ ကိုယ်လည်း ပြတိုက်သွားတယ်။ပင်ပန်းလို့ ည ၉ နာရီကျော်တာနဲ့ အိပ်တော့တာပဲ။

Happy Traveling!

စန်းထွန်း

ဧပြီ ၁၃၊ ၂၀၂၄။


Viewing all articles
Browse latest Browse all 721

Trending Articles