Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 723

အော်လန်ဒိုသွား တောလား - ၂

$
0
0

စေတန်ဖက်ကိုသွားဖို့ ဘတ်စ်တွေက တန်းစီစောင့်နေတယ်။ ဘတ်စ်ပေါ်မတက်ခင် ဓာတ်ပုံရိုက်တယ်။ လမ်းတလျှောက်မြင်ရတာတွေ ရှင်းပြတယ်။ အဆောက်အဦးတခုက ကမ္ဘာပေါ်မှာအကြီးဆုံး ဒုံးကျည်တွေတပ်ဆင်တဲ့ အဆောက်အဦး။ ဒုံးကျည်တွေကို သယ်တဲ့ကားကြီးကလည်း ဧရာမကြီး။ မနေ့ကတောင် ဒုံးကျည်လွှတ်တယ်တဲ့၊ ဒီတနင်္ဂနွေဒုံးကျည်လွှတ်ဖို့ရှိလို့ launch ticket ဝယ်ပြီးကြည့်လို့ရတယ် ည ၇ နာရီ လွှတ်မှာတဲ့။ ဖလော်ရီဒါခရီးစီစဥ်တုန်းက ဒုံးကျည်လွှတ်ဖို့ရှိလား ကြည့်သေးတယ်။ ဒုံးကျည်လွှတ်တာ တနေ့နေ့တော့ မဖြစ်ဖြစ်အောင် လာကြည့်ဦးမယ်။ စေတန်အဆောက်အဦးထဲဝင်ဖို့ တန်းစီတော့ ဝန်ထမ်းက ရှေ့တိုးဖို့ပြောလို့တိုးတာကို တန်းစီပါလာလို့ လာပြောနေလို့ ဝန်ထမ်းက ရှေ့တိုးခိုင်းတာလို့ ပြန်ပြောလိုက်တယ်။ ဝင်တော့လည်း ဝိုင်းပတ်ပြီး ဝင်ရတာပါပဲ။ ဒုံးကျည်နဲ့ယှဥ်ကြည့်လိုက်ရင် ကိုယ်ကသေးသေးလေး။ စကြာဝဠာကြီးနဲ့ ယှဥ်လိုက်ရင်တော့ တကယ့်သေးသေးလေး။ လူသားတွေရဲ့ တီထွင်ကြံဆ ကြိုးစားအားထုတ်မှု၊ မဖြစ်နိုင်တာကိုဖြစ်အောင် လုပ်နိုင်တာကို ချီးကျူးမိတယ်။ ဒုံးကျည်လွှတ်တာ ထိန်းချုပ်ခန်းကနေ ဘယ်လိုလုပ်တာကိုပြတာ ခုံတွေတုန် လေတွေတိုက်အောင် လုပ်ထားတယ်။ ဒုံးကျည်လွှတ်တာကြည့်တဲ့ခုံတန်းနားမှာ Alligator & Snake သတိထားဖို့ ဆိုင်းဘုတ်ကပ်ထားတယ်။ ဘတ်စ်ကားနဲ့ ပြန်လာပြီး IMax ထဲ ၂ နာရီခွဲ ဝင်ဖို့သွားတာ ငါးမိနစ်နောက်ကျသွားလို့ မမှီတော့ဘူး။ နောက်တပွဲက ၃း၃၀ မိနစ် ၄၀ ကြာတော့ ညနေ ၄း၁၅ မှပြီးမှာဆိုတော့ မကြည့်တော့ဘူး။ မကြည့်ဖြစ်တာလဲ ခပ်ကောင်းကောင်း အာကသကို 3D နဲ့ ပတ်ကြည့်မှာဆိုတော့ အဖေတို့ ခေါင်းမူးနေမှာ။

ဘတ်စ်ကနေ ပြန်ရောက်တော့ ဓာတ်ပုံတွေကို ၃၅ ကျပ်နဲ့ ဝယ်လို့ရပေမဲ့ မဝယ်ခဲ့ဘူး။ နောက်ဝင်ကြည့်တဲ့နေရာတွေက အာကသယာဥ်မှူးလို လေ့ကျင့်ပေးတဲ့နေရာ တနေကုန်သင်တန်းတွေ တက်ရတာ။ နောက်တနေရာက အာကသာစခန်းမှာ ဘာတွေလုပ်နေတယ်၊ နောက်ထပ်ဘာတွေလုပ်မလဲဆိုတာ ပြောပြတဲ့နေရာ။ အင်္ဂါဂြိုလ်မှာမောင်းတဲ့ ကားဘီးကြီးက အတော်မိုက်တယ်။ ဒုံးကျည်လွှတ်ရင် မီးခိုးတွေထွက်သလို လုပ်ထားတာ ကြည့်လို့ကောင်းတယ်။ စတားဘတ်စ်ကော်ဖီဆိုဝယ်ပြီး white chocolate mocha & croissant ဝယ်စားပြီး အနားယူ။ fame of heroes ကိုဝင်ကြည့်။ ညနေ ၄ နာရီထိုးခါနီးပြီဆိုတော့ သီချင်းတွေဖွင့်ထားတယ် လေ့လာရေးလာတဲ့ ကျောင်းသား​တွေလည်း ပြန်ထွက်နေကြပြီ။ ဂျပန်တိုးရစ်မလေးတွေတွေ့တယ် သူတို့က ဂျပန်တိုးဂိုက်နဲ့။ တိုးကားကိုရှာ နောက်ခရီးသည်စုံတွဲက ၄း၁၅ မှထွက်လာတယ်။ Starflyer စီးရင်း အော်ကြတာကို နားထောင်ပြီးရယ်။ ဘေးနားမှာရပ်နေတဲ့ အသက် ၆၀ အရွယ်လူမည်းစုံတွဲက အန်တီကနှုတ်ဆက်တယ်။ သူက ပင်ဆယ်ဗေးနီးယားပြည်နယ်က သူ့သမီးက ဖလော်ရီဒါရောက်တော့ လိုက်လည်ရင်းနဲ့ ဖလော်ရီဒါကို ကြိုက်သွားလို့နေတာ ၆ နှစ်ရှိပြီ။ ပုံမှန်ဆို အော်လန်ဒိုက ဒီလိုမအေးဘူး မင်း နယူးယောက်ကနေ အေးတာတွေ သယ်လာတာနေမှာလို့ စနေသေးတယ်။ တရုတ်ဘူဖေးဆိုင်မှာ ထမင်းနှစ်ဘူးဝယ်ပြီး စားချင်တာတွေထည့်။ နောက်နေ့ မနက် ၁၁ နာရီ မိုင်ယာမီကိုသွားမှာ ဘယ်လိုသွားလဲဆိုတာတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၄။


Viewing all articles
Browse latest Browse all 723

Trending Articles