Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 722

တူတော်မောင် - ၁၁

$
0
0

ပန်းချီဆွဲတော်တဲ့ တူတော်မောင် ဆွဲထားတဲ့ ပန်းချီကားလေးတွေပါ။ အဖေတို့လာတုန်းက ထည့်ပေးလိုက်တဲ့ ပန်းချီကားထဲက နှစ်ချပ်ကို ဘဘက ၁၀ ကျပ်နဲ့ ဝယ်ထားတာ မပေးသေးလို့ ကြီးကြီးခင်စန်းဆီမှာ တောင်းနေလေရဲ့။ သူ့အဘိုးလို ထောင့်စေ့နေအောင် ခိုင်းတတ်တဲ့သူက class president ဖြစ်နေပြီ။

ကြီးရေ သား class president ဖြစ်ပြီ..

ကွန်ဂရက်ကျူလေးရှင်း..class president ကို ဆရာမက ရွေးတာလား..ကျောင်းသားတွေက မဲပေးပြီး ရွေးတာလား..

ဆရာမကရွေးတာ..

class president ကဘာတွေလုပ်ရလဲ..

စာသင်ချိန် စာနားမထောင် စာလိုက်မလုပ် စကားများ စနောက်တဲ့သူတွေကို မှတ်ထားပြီး ဆရာမကို ပြန်ပြောရတာ..

အိုးမိုင်ဂါ့ တတန်းလုံးက သူ့ကိုမုန်းကြတော့မှာပဲ..

စန်းထွန်း

ဇန်နဝါရီ ၃၊ ၂၀၂၃။


Viewing all articles
Browse latest Browse all 722

Trending Articles