Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 725

ဆံပင်လှုဒါန်းခြင်း အနုပညာ ...

$
0
0
ကိုဗစ်နှစ်နှစ်အတွင်း ဆံပင်နှစ်ခါ ညှပ်ဖြစ်တယ်။ ပထမတကြိမ်က ကိုဗစ်အတော်ဆိုးနေချိန်ဆိုတော့ ယူကျူကနေ ကြည့်ပြီးညှပ်တာ ညှပ်လိုက် မညီလိုက် ညှပ်လိုက်နဲ့ အတော်တိုသွားရော။ ဒုတိယအကြိမ်က ကိုဗစ်သိပ်မဆိုးတော့ ဆိုင်မှာသွားညှပ်ဖြစ်တယ် တိရုံလေး။ မထင်မှတ်ဘဲ ကင်ဆာဝေဒနာရှင်တွေအတွက် ဆံပင်လှုလို့ရတယ်ဆိုတာ သိသွားတယ်။ ဆံပင်လှုမယ်လို့ ဆုံးဖြတ်ပြီး ဆံပင်အရှည်ထားတယ်။ ဆံပင်အရှည်က ၈-၁၂ လက်မ၊ ဆံပင်အဖြူမဖြစ်ရ၊ ဆေးမဆိုးထားရ။ တချို့အဖွဲ့တွေကတော့ ဆံပင်အဖြူလက်ခံတယ်။ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီးညှပ် ဖောင်ဖြည့် စာတိုက်ကနေပို့ရင် ကျေးဇူးတင်လွှာ ပြန်ပို့ပေးတယ်။ ကိုယ်တိုင်ကလည်း ကင်ဆာဆေးတွေ သောက်ခဲ့ရပြီး ဆံပင်ကျွှတ်ဖူးလို့ ဆံပင်လှုခွင့်ကြုံတဲ့အခါ လှုချင်မိတယ်။ ကံကောင်းချင်တော့ အမေ့ဆီက ဆံပင်သိပ်မဖြူတာ၊ အဖေ့ဆီက ဆံပင်အုံထူတာ ရနေတယ်။  လှုချင်တာလေး လှုဖြစ်သွားတဲ့အတွက် ‌ဝမ်းသာမိတယ်။

သွေးလှုချင်တာ စင်္ကာပူHSAမှာ သွေးလှုပြီးကတည်းက အိမ်ကသွေးလှုဖို့  ခွင့်မပြုသလို ကိုယ်တိုင်ကလည်း သွေးလှုဖို့ မဖြစ်ဘူးဆိုတာသိတယ်။ သေရင် ကိုယ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှုဖို့ organ donor လုပ်ထားတယ်။ စတိတ်မှာတော့ organ donor လုပ်ဖို့လွယ်တယ်။ ကားမောင်းလိုင်စင် သက်တမ်းတိုးတော့ organ donor မှာ yes လို့ဖြေလိုက်တယ်။ ကားမောင်းလိုင်စင်မှာ organ donor အသည်းပုံလေးပါတယ်။ မိသားစုကိုလည်း ပြောထားတယ်။ ကိုယ်သေတဲ့အချိန် လှုလို့ရတဲ့ ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေများ ကျန်ပါ့မလားမသိ။ ABC News မှာ bone marrow transplant အကြောင်းတွေမြင်ရရင် သိပ်လှုချင်တာ။ ကိုယ့်ကိုကိုယ်တောင် ကျန်းမာအောင် မနည်းကြိုးစားနေရတာဆိုတော့ လက်လျှော့ထားရတယ်။ ဒီပို့လေးကိုမြင်ပြီး ဆံပင်လှုချင်တဲ့သူတွေ လှုနိုင်ပါစေ။ 

ပို့စ်အသစ်တင်တာမတွေ့လို့ နေကောင်းရဲ့လားလို့ CBox ကနေ သတင်းမေးတဲ့ Joker ရေ သတိတရ သတင်းမေးတဲ့အတွက် ကျေးဇူးပဲနော်။ နေကောင်းပါတယ် မထင်မှတ်ဘဲ ဘန်ကောက်၊ အယုဒ္ဒယ၊ ဖူးခက် သွားဖြစ်၊ အခုတလော အိမ်ကိစ္စတွေ၊ ဗော်လန်တီယာကိစ္စတွေအတွက် အလုပ်များနေလို့ အရင်လို့တပတ်တခါ ပို့စ်မတင်ဖြစ်ဘူး။  ဘန်ကောက်၊ အယုဒ္ဒယ၊ ဖူးခက် သွား တောလားပို့စ်တွေကတော့ လာမယ်ကြာမယ်ပေါ့။  ပို့အသစ်မတင်ဖြစ်တဲ့အခါ ပို့စ်အဟောင်းတွေ ဖတ်ပါနော်။ 


Happy Mother's Day! 
စန်းထွန်း 
မေ ၈၊ ၂၀၂၂။

Viewing all articles
Browse latest Browse all 725

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


လုလုအောင် HD အသစ်


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


Burmese to English Dictionary (Unicode)


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု