Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 723

ဖီလင် ၃၉ …

$
0
0

 ၂၀၂၁ နိုဝင်ဘာ ၂၄ ကိုယ့်အသက် ၃၉ နှစ်ပြည့်ပြီ။ နှစ်တိုင်း မွေ့နေ့ကို သူငယ်ချင်းတယောက် တခါတလေ သူငယ်ချင်းတယောက်မှ မရှိဘဲ ကျင်းပလေ့ရှိပေမဲ့ ဒီတခါတော့ လူများများ လေးယောက်နဲ့ ဆင်နွှဲရတယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ်ဖက်ကို ခရီးထွက်နေတာ surprise မွေးနေ့ကျင်းပပေးတယ်။ တသက်နဲ့တကိုယ် ဒီတခါပဲ မွေးနေ့ဖယောင်းတိုင် မှုတ်ဖူးသေးတယ်။ တူတော်မောင်က မွေးနေ့ကဒ်ဆွဲပေးတယ် ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ဆွဲတာလားမေးကြည့်တော့ ဂူဂယ်မှာရှာပြီး အိုင်ဒီယာယူတယ်တဲ့။ ဂူဂယ်ကောင်းကောင်း သုံးတတ်တယ်။ ယူကျူ့ကနေ ရှဲဆိုတာလေးနှိပ်လိုက်လို့ တခွန်းသင်ပေးလိုက်တာနဲ့ မက်ဆင်ဂျာဆီ ရှယ်တတ်နေပြီ။ ခုတော့ မွေးနေ့ဆို မွေးနေ့ကဒ်ဆွဲပေး ဟတ်ပီးဘတ်ဒေးသီချင်း ဆိုပေးရမှန်း သိနေပြီ။ ခရီးတွေသွားနေ‌‌ပေမဲ့ ကောင်းကောင်းမပျော်ပါဘူး ဘွန်းဝယ်ဖို့ မူးနောက်အောင်ဖတ်။ PDF စခန်းတွေ ဝင်စီးခံရရင် စိတ်မကောင်း ရင်တွေနာ။ အာဏာသိမ်းပြီးစက ဘလော့ဂါအန်တီတယောက် စစ်ကောင်စီအကြောင်း ဘာမှမပြော ဘုရားပဲရှိခိုးနေလို့ unfriend လုပ်လိုက်တယ်။ အသိအစ်မဆီက ကြားရတာက အဲ့ဒီအန်တီက စစ်တပ်အသိုင်းအဝိုင်းက စစ်တပ်ထောက်ခံသူဆိုတော့ ကိုယ်ထင်တာမှန်နေတာပေါ့။ ရှင်းရှင်းပဲ စစ်အုပ်စုကို ထောက်ခံတဲ့သူတွေ၊ ကြားနေဆိုသူတွေနဲ့ အသိမဖြစ်ချင်ဘူး။ မွေးနေ့မှာတောင်းတဲ့ဆု၊ နေ့တိုင်းတောင်းနေတဲ့ဆုကတော့ စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက် အမေစုဥ◌ီးဆောင်တဲ့ နိုင်ငံတော်သစ်။

Happy Thanksgiving!
စန်းထွန်း
နိုဝင်ဘာ ၂၇၊ ၂၀၂၁။


Viewing all articles
Browse latest Browse all 723

Trending Articles