Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 717

Kaaterskill သွားတောလား …

$
0
0

ကိုဗစ်ဖြစ်ကတည်းက အိမ်တွင်းအောင်းရလို့ ခရီးမသွားဖြစ်တာ အတော်ကြာပြီ။ တောင်အမေရိကတိုက် ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ သုံးနိုင်ငံ ၁၄ ရက်ခရီး ၂၀၂၀ နိုဝင်ဘာမှာသွားဖို့ စီစဉ်တာလည်းပျက်။ ခုတော့ Torres del Paine National Park မှာ တောင်တက်ဖို့ မပြောနဲ့ လမ်းနှစ်နာရီလောက်လျှောက်ရင်ကိုပဲ ခြေထောက်ကနာချင်နေပြီ။ ကာကွယ်ဆေးထိုးပြီး နှစ်ပတ်အကြာမှာ အပတ်တိုင်း ဝိုင်းနဲ့လမ်းလျှောက်ထွက်တာ ဟိုးတပတ်က စံချိန်သစ် ၈ မိုင် လမ်းလျှောက်ဖြစ်တယ်။ ၂၀၂၁ စက်တင်ဘာ ၂ တနင်္ဂနွေနေ့ အသိညီမလေးစီစဉ်လို့ နယူးယောက်အက်ပ်စတိတ်ဖက် ဟိုက်ကင်းထွက်ဖြစ်တယ်။ အစက ဝိုင်းလိုက်မလို့ အလုပ်တအားများလို့ မလိုက်ဖြစ်တော့ဘူး။ ၈ နာရီကတည်းက အိမ်ကထွက်တာ ကားပါကင်သုံးခါလောက် လိုက်ရှာတော့မှ သွားချင်တဲ့နေရာကို နေ့လည် ၁၂ နာရီလောက်မှရောက်တယ်။ မနေ့ကရာသီဥတုခန့်မှန်းချက်က နေ့လည် ၂ နာရီ မိုးရွာမယ်တဲ့။ ခုတော့ မနက် ၁၀ နာရီလောက်ကတည်းက ကောင်းကင်ကမှောင်ပြီး မိုးတဖျောက်ဖျောက်။ ဟိုးတလောတုန်းကတည်း စနေနေ့မိုးရွာမယ်ဆိုလို့ တနင်္ဂနွေနေ့လမ်းလျှောက်ဖို့ ရွေးလိုက်တာ စနေနေ့ မိုးတစက်မှမရွာဘဲ နေတွေခြစ်ခြစ်တောက်ပူနေလို့ ရာသီဥတုခန့်မှန်းချက်လွဲတာကို တအံ့တဩဖြစ်လို့။ ဂြိုလ်တုကတိုင်းတာဆိုတော့ ခန့်မှန်းချက်က လွဲခဲတယ်လေ။ ဗီယက်နမ်မှာ မုန်တိုင်းလာမယ်ဆိုပြီး နေရာတွေရွေ့ပြီးမှ မုန်တိုင်းမဝင်လို့ ဒေါသထွက်လိုက်ကြတာဆိုပဲ။ မိုးရွာနေတော့ ချော်လဲမှာကို လမ်းတလျှောက် ဗွက်များလို့ သတိထားရတယ်။ Boulder Rock ဗျူးပွိုင့်ကနေကြည့်ရင် အောက်မှာတိမ်တွေ ပြေးလွှားဆော့ကစားနေတာကို မြင်ရတာ အတော်လှတယ်။ ဗာဂျီးနီးယားပြည်နယ် Shenandoah အမျိုးသားဥယျာဉ်မှာ တောင်တက်တုန်းက မြင်ရတဲ့ရှုခင်းလိုပဲ အဲ့ဒီမှာတော့ တိမ်မတွေ့ခဲ့ဘူး။ သစ်ပင်တွေအုပ်ဆိုင်းနေတာများ နေပြောက်မထိုးနိုင်ဘူး မိုးအုံ့နေတော့ အေးစိမ့်လာတယ်။ လမ်းမှာတွေ့တဲ့သူတွေကို ရေတံခွန်တွေ့လားမေး လမ်းမှားသွားတဲ့အခါ ပြန်မေးပြန်လှည့်။ နေ့လည် ၂ နာရီလောက် ပါလာတဲ့ ဒန်ပေါက်၊ ဝက်သားဒုတ်ထိုး စားကြတယ်။ တောင်တက်ခဲ့သမျှ ပေါင်မုန့်၊ ကွတ်ကီး၊ energy bar ပဲစားခဲ့ရတာ ဒီတခေါက်ဟိုက်ကင်းကတော့ ထူးထူးခြားခြားပဲ။ အသိညီမလေးက မနက်စာဒင်ဆမ်းဝယ်ပေးထားပြီး လာခါနီမျှ နွှေးလာပေးတယ်။ မောင်လေးတယောက်က အစားအသောက်တွေကို စီမံခန့်ခွဲ၊ ကြက်သားကိုအရိုးနွှင်ပေး အကိုကြီးတယောက်လိုပဲ။ ရေတံခွန်နားနီးလားလို့ ရေစီးသံကြားလာရတယ် တံတားလေးကိုဖြတ်ကျော်ပြီးတဲ့အခါ လူများလာတယ်။ ဗျူးပွိုင့်မှာ လူတွေအများကြီးပဲ ရှုခင်းတအားလှတယ် ရေတံခွန်အပေါ်ဖက်ကိုတက်။ တောတောင်ရေမြေ ရေတံခွန်ကို မြင်ရတာ တကယ်စိတ်ချမ်းသာတယ်။ ကိုယ်ထွက်ခဲ့ဖူးသမျှ အက်ပ်စတိတ် Upstate ဟိုက်ကင်းထဲမှာ ဒီဟိုက်ကင်းအလှဆုံးပဲ။ ဆောင်းဦးရာသီ ဒီကိုပြန်လာချင်သေးတယ် ဝိုင်းကို သတိရနေမိတယ် သူဆိုသိပ်သဘောကျမှာ။ ငါးမိုင်လျှောက်ပြီးပြီဆိုတော့ နည်းနည်းညောင်းလာပြီ ၅ မိုင်ပြန်လျှောက်ရမယ်ဆိုတော့ လျှောက်နိုင်ပါ့မလား။ ကိုယ့် limit က ၈ မိုင် မလျှောက်နိုင်ရင် ၉၁၁ ခေါ်ရမလား တော်ကြာ သတင်းမှာပါလာမှဒုက္ခ။ တော်သေးတယ် မောင်လေးတယောက်က ဖြတ်လမ်း တမိုင်တွေ့လို့ ကားပါကင်ကို ပြန်ရောက်တယ်။ ရေကန်နားမှာ ဒန်ပေါက်၊ ကြက်ဆီထမင်း၊ လိမ္မော်သီး၊ Crispsy green peas စားကြတယ်။ ရန်ပုံငွေဈေးရောင်းပွဲတော်က ကိုယ်ဝယ်လာတဲ့ အာလူးကြော်ကို ကြိုက်ကြတယ်။ ဗမာစတိုင် ငရုတ်သီး၊ အချိုမှုန့်တွေနဲ့ ကျန်းမာရေးနဲ့မညီညွှတ်ဘူးဆိုပေမဲ့လည်း တခါတလေဆိုတော့ စားတာပါပဲ။ တထုပ်ငါးကျပ် ဈေးနည်းနည်းကြီးလည်း ရန်ပုံငွေပွဲဆိုတော့ ဝယ်အားပေးတာပေါ့။ ဈေးရောင်းတဲ့သူတွေကလည်း လှုချင်လို့ အချိန်၊ ငွေ၊ လူအင်အား စိုက်ထုတ်ထားတာကို ကိုယ်တွေမှ အားမပေးရင် ဘယ်သူမှအားပေးမလဲနော့ ဈေးရောင်းပွဲတိုင်း သွားအားပေးတယ်။ အရင်တုန်းကဆို အပတ်တိုင်း လမ်းလျှောက်တာ၊ ဟိုက်ကင်းထွက်တာတွေကို ဖေ့ဘွတ်မှာတင်တယ်။ ခုတော့ ဆန္ဒပြပွဲ၊ ဗော်လန်တီယာပုံတွေကလွဲရင် မတင်ဖြစ်တော့ဘူး။ ဒီဟိုက်ကင်းဓာတ်ပုံတွေကိုတော့ အမှတ်တရဖြစ်လွန်း လှလွန်းလို့ တင်ဖြစ်တယ်။ တော်လှန်ရေးမှာ ကိုယ်တတ်နိုင်သမျှလုပ်နေတာတွေ သိနေကြတော့ ဟိုက်ကင်းဓာတ်ပုံတင်တာ လာဆဲတဲ့သူမရှိတာ ကျေးဇူးတင်စရာ။ အားလုံးက အတော်လှတဲ့နေရာလေးလို့ ပြောကြတယ်။

စန်းထွန်း
စက်တင်ဘာ ၁၂၊ ၂၀၂၁။

 https://www.greatnortherncatskills.com/outdoors/hiking/waterfalls



Viewing all articles
Browse latest Browse all 717

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ