Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 719

ဒေါ်ဒုန်း….

$
0
0

ဒေါ်ဒုန်းလို့ ချစ်စနိုးနာမည်ပေးထားတဲ့ အဒေါ်ကြီးကို စတင်သိကျွှမ်းခဲ့တာက နိုင်ငံခြားထွက်လာပြီး ဆယ်နှစ်ကြာမှ တရားစခန်းစဝင်တဲ့ ၂၀၁၇ နိုဝင်ဘာ နယူးဂျာစီက မဟာစည်တရားရိပ်သာမှာ။ ည ၉ နာရီ အမျိုးသမီးယောဂီဆောင် အခန်းထဲမှာ ပစ္စည်းတွေနေရာချ မျက်နှာသစ်သွားတိုက်ပြီးလို့ လှဲလျောင်းအနားယူနေတုန်း ခြေသံတဒိုင်းဒိုင်းကြောင့် အလန့်တကြားဖြစ်ကြားတယ်။ အမလေး ခြေဆောင့်နင်းသံက တော်တော်ကျယ်တာ တိတ်ဆိတ်နေတဲ့အရပ်ဒေသဆိုတော့ ပိုကျယ်နေသလို။ ခြေနင်းကြမ်းတဲ့သူ ဘယ်သူလဲလို့သိချင်နေတာ စုံထောက်ကြီးဦးစံရှား အဲလေ ဒေါ်မီးမီးက ခြေသံကြားတာနဲ့ အခန်းတံခါးဖွင့်ပြီး စုံစမ်းလိုက်တာ ဘယ်သူလဲလို့သိသွားတယ်။ လူသေးသလောက် ခြေသံပြင်းတာ သူပေါ့ကွလို့ပြတော့ ကြည့်လိုက်တော့ ဟုတ်ပါ့ အရပ်ငါးပေမပြည့် ပေါင် ၁၀၀ မရှိတဲ့သူရဲ့ ခြေနင်းသံက အဲ့ဒီလောက်ပြင်းမယ်လို့ မထင်ထားမိဘူး။ သဘောကောင်းဖော်ရွေတဲ့ အန်တီကြီးက ကိုယ်တို့ကိုလာမိတ်ဆက်ပြီး ကိုယ်တို့နဲ့စားအတူသွားအတူတယ်။ ကိုယ်တို့ကြားထဲမှာ ဒေါ်ဒုန်းလို့ နာမည်ပြောင်ပေးထားတယ်။ ငယ်ငယ်လေးနဲ့ တရားစခန်းဝင်တဲ့ ကိုယ်တို့ကို ဒေါ်ဒုန်းက ချီးကျူးပြီး ဦးဂိုအင်ကာတရားစခန်းဝင်တဲ့ ဒေါ်ဒုန်းကိုလည်း ကိုယ်တို့က အားကျတယ်။ မျက်ခုံးမွှေးမဆွဲရ မနေနိုင်လို့ဆွဲပြီး မှန်မကြည့်ခဲ့ရလို့ မျက်ခုံးမွှေးတခြား ခဲဆွဲတာတခြားဖြစ်နေလို့ ရယ်လိုက်ရတာ။ ကိုယ်အလုပ်ရှာနေမှန်းသိလို့ သူ့သားမက်ကို ဖုန်းဆက်ခိုင်းပြီး သူ့ရုံးမှာအလုပ်ရှိတဲ့အကြောင်း ဆွေးနွေးခိုင်းတယ်။ ဒေါ်ဒုန်းသားမက်က စီဗွီပို့ဖို့ ဘယ်မှာလျှောက်ဖို့ သူလည်းအိတ်ချ်ဝမ်းဗွီ အလုပ်ဗွီဇာ စပွန်ဆာရှာခဲ့သူဖို့ နားလည်တယ်တဲ့။ ကိုယ် တခြားမှာအလုပ်ရတော့ ဒေါ်ဒုန်းသားမက်ကို မတ်ဆေ့ပို့ပြီ ကျေးဇူးတင်တဲ့အကြောင်း၊ သူ့ယောက္ခမဒေါ်ဒုန်းကို ကျေးဇူးတင်တဲ့အကြောင်း ပြောခိုင်းလိုက်တယ်။ ဒေါ်ဒုန်းကတော့ ဝမ်းသာနေမှာ ဒေါ်ဒုန်းက ဝမ်းသာတယ်လို့ ပြောခိုင်းတယ်လို့ ဒေါ်ဒုန်းသားမက်က မတ်ဆေ့ပြန်ပို့လာတယ်။ နောက်တရားစခန်းဝင်တိုင်း ဒေါ်ဒုန်းတို့က အလှုလာလုပ်တော့ ဆုံတယ်။ ဒေါ်ဒုန်းက ကိုယ့်ကိုမှတ်မိတယ် တွေ့ရင်ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ တဦးမေတ္တာ တဦးမှာ။ ခြေသံပြင်းလို့ စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ ချစ်စရာကောင်းတဲ့ ဒေါ်ဒုန်းကိုတော့ ချစ်ရတာပေါ့...


စန်းထွန်း

ဇန်နဝါရီ ၁၈၊ ၂၀၂၁။


Machu Picchu, Peru, 10/31/2019.

Viewing all articles
Browse latest Browse all 719

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ