အိမ်ပြင်မထွက်တာ ၆ လလောက်ရှိပြီ။ မနက် ၂ နာရီလောက်မှအိပ်ပြီး ၈ နာရီခွဲထတယ်။ Fibit မှာ မဆိုးဘူးလို့ ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ အိပ်ရေးမဝလို့ မျက်နှာက ချောင်ကျနေတယ်။ အစပိုင်းတုန်းက အရမ်းစားပေမဲ့ ခုသိပ်မစားတော့ဘူး ၂ ပေါင် ဝိတ်တက်တယ်။ မနက်တိုင်း ငှက်စာကျွှေး၊ ငှက်ရေခွက်ထဲရေထည့်ပြီး ငှက်တွေကို ရေတိုက်တယ်။ ငှက်တွေက အစာကျွှေးတဲ့သူကို သိတယ်။ အစာကျွှေးတဲ့သူ အိပ်ယာကမထသေးရင် အခန်းနားမှာ ကျွှတ်စီကျွှတ်စီ အသံလာပေးတယ် ထပါတော့ အစာလာကျွှေးပါတော့ဗျို့တို့ ဘာတို့နေမှာပါလေ။မကြီးအခန်းနဲ့ကပ်လျက်ကို မကြီးအခန်းပြတင်းပေါက်ကိုတော့ မလာဘူး။ မနက်ဖက် ကိုယ်ထွက်လာတာနဲ့ ကျွှတ်စီကျွှတ်စီ အသံပေးကြတော့တာပဲ။ ဘယ်သူရေ ဘယ်ဝါရေ ဒီမှာအစားကျွှေးနေပြီလို့ သူ့အပေါင်းအသင်းတွေကို ခေါ်ကြဟန်တူတယ်။ ရဲတဲ့တကောင်ဆို အနားဆီပျံဝဲပြီးတော့ကို ကြိုတယ်။ စနေနေ့ညနေဆိုရင် အိမ်နဲ့ ၁၅ မိနစ်အဝေးက ဟင်မှားချက်ထားတဲ့အန်တဲ့တီအိမ်မှာ ဟင်းသွားယူတယ်။ ခုတော့တခါတလေ စျေးသွားဝယ်တယ်။ နယူးယောက်မှာ ကိုဗစ်အရမ်းဖြစ်တုန်းကဆိုရင် instacart ကနေ ပစ္စည်းတွေမှာတယ်။ ခုတော့ နယူးယောက်မှာ ရောဂါကူးစက်နှုန်း ၁% အောက်မို့လို့ ဆေးခန်းသွားပြရဲတယ်။ ကူးစက်နှုန်းတက်လာရင် အပြင်မထွက်တော့ဘူး အိမ်တွင်းအောင်းရမယ်။ အိပ်ရေးမဝ လမ်းမလျှောက်တော့ သွေးလည်ပတ်မှုမရှိ လှုပ်ရှားမှုမရှိလို့ ကိုယ်လက်တွေ ညောင်းညာကိုက်ခဲတယ်။ အိပ်ရေးမဝလို့ ခေါင်းကိုက်တယ်။ ပိတ်ရက်ဆိုရင် မနက် ၈ နာရီခွဲထစရာမလိုလို့ နေ့လည် ၁၂ အထိအိပ်တယ်။ ဗိုက်ဆာတော့မှ အိပ်ယာကထတယ်။ ဟင်းကတပတ်စာ ဝယ်ထားတာဆိုတော့ သိပ်ချက်စရာမလိုဘူး။ နေ့လည်အထိ အိပ်ထားတော့ ညကျတော့ တော်တော်နဲ့မအိပ်ချင်ဘူး။ ဒီလိုနဲ့ အိပ်ချိန်မမှန်တာ သံသရာလည်နေတယ်။ စားပွဲခုံပုပုလေးနဲ့ ထိုင်အလုပ်လုပ်နေတာ တကိုယ်လုံးညောင်းညာကိုက်ခဲတယ်။ ထမင်းစားပွဲမှာ စက္ကူဗူးတွေတင်ပြီး ထိုင်၊ မတ်တပ်ရပ်စားပွဲခုံ DIY လုပ်တယ်။ မတ်တပ်ရပ် အလုပ်လုပ်ရတာ ကြိုက်သွားတယ်။ ရုံးလပ်တော့ကွန်ပျူတာက သေးတော့ ကြည့်ရတာ သိပ်အားမရဘူး ရုံးမှာတောင်းလို့ရတယ်။ ကြာမှာဆိုတော့ လေဘာဒေးပိတ်ရက် စျေးချနေတာနဲ့ မော်နီတာကြီး ဝယ်လိုက်တယ်။ မော်တာနာကြီးဝယ်လိုက်တော့ တင်ဖို့စားပွဲခုံလိုပြန်ရော။ ထိုင်မတ်တပ်ရပ်စားပွဲခုံဝယ်ဖို့ လိုက်ဖတ်တော့ အကောင်းဆုံးဆိုတာကို ဝယ်ဖို့တတ်နိုင်ပေမဲ့ နေရာအကျယ်အဝန်းကို တွက်ချက်ရတယ်။ အိမ်ကကျဉ်းတော့ သေးတဲ့စားပွဲခုံရှာရတယ် အိုင်ကီရာကိုကြိုက်ပေမဲ့ ပေါင် ၁၅၀ လေးပြီး ပစ္စည်းပြတ်နေတယ်။ မှာလိုက်တဲ့ထိုင်ခုံက တလကြာမှရောက်မယ်ဆိုပြီး စောရောက်လာတယ်။ ဒေါက်တိုင်က ကပ်နေပြီး ဆင်တဲ့ဖက်မှားနေလို့ ချွှေးပြိုက်ပြိုက်ကျ ဆင်ရတာ အတော်ကြာတယ်။ မတ်တပ်ရပ်နေရာကနေ ထိုင်တဲ့အနေအထားရဖို့ ဖိရတာ မနည်းအားစိုက်တ်ရတယ်။ အီလက်ထရစ်မော်တာပါတဲ့ စားပွဲခုံတွေက လူသက်သာတယ်။
ဆုံလည်ထိုင်ခုံ၊ ဝိုင်ယာလက် ကီးဘုတ်၊ မောက်စ် ထပ်ဝယ်ရတယ်။ ခုတော့ မတ်တပ်ရပ်လုပ်ရတာ ကြိုက်နေတယ် မနက် ၈ နာရီခွဲကနေ ည ၆ နာရီအထိ မတ်တပ်ရပ် အလုပ်လုပ်တယ်။ ထမင်းစားချိန် နာရီဝက်၊ အစည်းအဝေးလောက်ပဲ ထိုင်တော့တယ်။ မတ်တပ်ရပ်လုပ်တော့ သွေးလည်ပတ်မှုကောင်းလို့လား မသိဘူး နေလို့ကောင်းတယ်။ အရင်ကလောက် ညောင်းညာကိုက်ခဲမနေတော့ဘူး။ ဇက်ကြောတက်လို့ မျက်စိဒီဂရီတက်သလားဆိုပြီး မကြီးက မျက်စိကို သွားစမ်းသပ်ခိုင်းနေတယ်။ ဇက်ကြောတက်သက်သာအောင် OSIM ဇက်ကိုနှိပ်တဲ့ဟာ ဝယ်လိုက်တယ်။ ကြိုက်သွားလို့ neck & back messenger ထပ်ဝယ်လိုက်တယ်။ အိမ်မှာ အမေနဲ့ကိုယ်က အနှိပ်မကြိုက်တဲ့သူ မကြီးနဲ့အဖေက အနှိပ်ကြိုက်တယ် အားရင်နှိပ်နေကြတယ်။ အနှိပ်မကြိုက်တဲ့ကိုယ်တောင် ကြိုက်တယ် မကြီးနဲ့အဖေဆို အဲ့ဒီထိုင်ခုံကနေ ဆင်းကြတော့မှာ မဟုတ်ဘူး။ အဲ ... အနှိပ်ခုံဝယ်ပြီးကာမှ ဇက်ကြောက မတက်တော့ဘူး။ OSIM က ခြေထောက်နှိပ်တဲ့ဟာ၊ ခေါင်းနှိပ်တဲ့ဟာနဲ့၊ မျက်စိနှိပ်တဲ့ဟာ ဝယ်ချင်နေတယ် စျေးချမှ ဝယ်ဦးမယ်။ ချွှေးထုတ်စက် ဝယ်ချင်နေတာ မကြီးက ဝယ်ထားပြီးပြီဆိုလို့ ချွှေးထုတ်ရတာလည်း ကြိုက်တယ်။ ကော့စကာရီကာနဲ့ အလာစကာ hot springs မှာ နှစ်နာရီလောက် ရေစိမ်တယ်။ ဆံပင်အတော်ရှည်နေပြီ မညှပ်တာ တစ်နှစ်ရှိပြီကိုး။ ဆံပင်ညှပ်ဆိုင်မသွားရဲတော့ ယူကျူကနေကြည့်ပြီးညှပ်တာ မညီလို့တိလိုက်ညှပ်လိုက် ညှပ်လိုက်တိလိုက်နဲ့ အတော်တိုသွားရော။ ကိုယ့်ဘာသာညှပ်ပြီး ကိုယ့်ဘာသာ သဘောတွေကျနေတယ်။ တသက်နဲ့တကိုယ် ဒီတခါပဲ ကိုယ့်ဘာသာ ဆံပင်ညှပ်ဖူးတယ်။ အိုင်အိုဝါကျောင်းမှာတုန်းက ကိုယ့်ရှေ့ခုံမှာထိုင်တဲ့ တရုတ်လေးတွေ အုံးမှုတ်ခွက်ကေလေးတွေနဲ့ တပုံစံတည်းဖြစ်နေလို့ ဘယ်လိုဖြစ်တာလဲလို့ မေးကြည့်လိုက်တော့ ဆံပင်ညှပ်ခသက်သာအောင်လို့ ရှောင်ပိုင်က ဆံပင်ညှပ်ပေးထားတာတဲ့။ ဟဲ့.. အဲ့ဒါဆို ငါလည်း ဆံပင်ညှပ်ခ သက်သာအောင် ငါ့ကိုညှပ်ပေးပါလားလို့ပြောတော့ မိန်းကလေးကို မညှပ်တတ်ဘူးတဲ့။ မချောသုခိတာညွှန်းတဲ့ ကူရှင်နဲ့ခေါင်းအုံး ဝယ်လိုက်တယ် အတော်ကြိုက်တယ်။ ဆရာမကြီးဒေါက်တာ ဒေါ်ခင်နွယ်ဝင်းညွှန်းလို့ ကော်ဖီသောက်တဲ့အခါ ကိုလာဂျင်မှုန့် သောက်နေတယ်။ ကော်ဖီမှုန့်တစ်ဇွန်း ရေနွှေးပူပူထည့်ပြီး နှစ်မိနစ်လောက်နှပ်။ ကော်ဖီမှုန့်စစ်ပြီး ဂီး၊ ကိုလာဂျင်မှုန့် ထည့်သောက်တယ်။ ရှီဆေးဒိုးက ကော်လာဂျင်ဗူး နာမည်ကြီးတယ် မသောက်ဖူးသေးဘူး။ စက်တင်ဘာ ၈ ရက်နေ့ NLD အောင်လံထူတဲ့နေ့ အားလုံးကအနီရောင်ဝတ်ပြီး ဓာတ်ပုံတင်နေတာကို အားကျလို့ အနီရောင်အင်္ကျီရှာဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်တယ်။ နှုတ်ခမ်းနီကတော့ ဝိုင်းမွေးနေ့လက်ဆောင်ပေးထားတဲ့ ရှယ်နယ်နံပါတ် ၉၈ Rough Coco Flash ။ အဲ့ဒီနှုတ်ခမ်းနီ ရှာပုံတော်အကြောင်း ၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးပို့စ်အဖြစ် ရေးဖူးပါသေးတယ်။
Stay Home! Stay Safe!
စန်းထွန်း
စက်တင်ဘာ ၁၈၊ ၂၀၂၀။

![]() |
၂၀၂၀ စက်တင်ဘာ ၈ NLD အောင်လံထူတဲ့တဲ့နေ့ အမှတ်တရ |
![]() |
DIY standing desk |
![]() |
DIY sitting desk |
![]() |
ယူကျူကြည့်ပြီး ဆံပင်ညှပ်တာ မညီလို့ တိလိုက်ညှပ်လိုက်နဲ့ တိုသွားရော....ကိုယ်ယ့်ဘာသာ သဘောတွေကျ |
ဒီခုံလေး ရွေးလိုက်တယ် |
![]() |
ဒီကူရှင်လေးကို အရမ်းသဘောကျနေတယ် |
![]() |
မချောသုခိတာ ညွှန်းတဲ့ ကျီးပေါင်းခေါင်းအုံးကို အရမ်းကြိုက်တယ် |
![]() |
OSIM neck & back message |
ဝယ်ချင်နေတာ Portable Sauna tent မကြီးက ဝယ်ထားပြီးပြီ မဝယ်နဲ့ဆိုလို့ |
![]() |
ကိုလာဂျင်ပေါင်ဒါမှုန့်နဲ့ ဂီး |