Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 724

ယူအက်စ်သွား တောလား - ၁၆

$
0
0
ဇွန် ၇ ရက်နေ့  ၂ နာရီ ဂျွှန်အက်ဖ်ကနေဒီလေဆိပ်ရောက်တော့ ကသေးပစိဖိတ်လေယာဉ်က ရောက်နှင့်နေပြီ။ တခြားလေယာဉ်က လူတွေသာ ထွက်လာပေမဲ့ ကသေးပစိဖိတ် လေယာဉ်မယ်တွေ ထွက်လာတာလည်းမတွေ့ ။ လုံခြုံရေးဝန်ထမ်းက လေယာဉ်ပေါ်မှာ လူတစ်ယောက် သေသွားတယ် ခပ်ဝဝတဲ့။ လည်ပင်းက ရှည်လှပြီ ထွက်မလာသေးဘူး။ ကိုယ့်လိုပဲ လည်ပင်းရှည်နေတဲ့ ဖိလစ်ပိုင်မနဲ့ စကားပြောဖြစ်တော့ ကိုယ့်လိုပဲ ကသေးပစိဖိတ်လေယာဉ်ကို စောင့်နေတာတဲ့။ ဒေါ်နယ်ထရန့် သာ သမ္မတဖြစ်လို့ ကတော့ တခြားနိုင်ငံကို ပြောင်းမယ်တဲ့။ ၃ နာရီလောက်မှ ထွက်လာတယ် ထရော်လီငှားတာ ၆ ကျပ်တောင် ပေးရတယ်ဆိုပဲ။ တက္ကဆီမောင်းသမားနဲ့  စကားပြောကြတော့ သူက Documentary ဗီဒီယိုရိုက်တာ ဝါသနာပါတယ်။ ဘရားဇီးမှာ ပေါ်ပြူလာဖြစ်တဲ့ အကတစ်မျိုးအကြောင်းတောင် ရှင်းပြနေသေးတယ်။ ကားခပိုက်ဆံပေးတာ ၁၀ ပြန်ပေးနေသေးလို့  ကြောင်တောင်တောင် တောင်ဖြစ်သွားတယ်။ နောက်မှ သေချာရှင်းပြ တစ်ဖ်ပေးပြီး ပိုက်ဆံယူတဲ့အခါ သေချာယူဖို့  သတိပေးလိုက်ရတယ်။ နေ့ နဲ့ ညနဲ့  မှားနေလို့  ညနေ ၅ နာရီလောက် အိပ်ပျော်နေတာကို အတင်းနိုး တိုင်းစကွဲယားကို သွားလည်ရအောင်ဆိုတော့ မလိုက်ချင်ဘူး အိပ်ချင်တယ်တဲ့။ မရဘူး ရထားပေါ်မှာအိပ် ထထ သွားရအောင် အတင်းနိုးပြီး ၃၄ လမ်း၊ ရော်ခါဖယ်လာစင်တာ၊ တိုင်းစကွဲယားကို သွားလည်ကြတယ်။ အိမ်အပြင်ရောက်တာနဲ့  ရာသီဥတုက အေးလို့ တဲ့ အနွေးထည် ပြေးယူရတယ်။ နယူးယောက်တခွင် လည်သမျှ ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ်။ ပို့ စ်အသစ်တွေ မတင်လို့  နေများမကောင်းဘူးလားထင်ပြီး သတိတရ စီဘောက်မှာ မေးလာတဲ့ မဖြူဖြူထွန်းရေ နေကောင်းပါတယ် အမေနဲ့ အစ်မ အလည်ရောက်နေလို့ ပိတ်ရက်တွေမှာ နယူးယောက်တခွင် လိုက်ပို့ နေတာ မအားလို့  ပို့ စ်တွေမတင်ဖြစ်တာပါ။

ဂျွှန်အက်ဖန်ကနေဒီလေဆိပ် တာမင်နယ် ၇

ဂရမ်းစင်ထရယ်ကနေ ၇ ရထား တဘူတာစီး Vernon Blv/Juction Blv
မှတ်တိုင်မှာစီးပြီး လမ်းလျှောက်ရင် မက်ဟက်တန်စကိုင်းလိုင်းကို မြင်ရတဲ့နေရာ


အစ်မ ငယ်သူငယ်ချင်းရဲ့  သူငယ်ချင်း(ဘလော်ဂါ မစုညဏ်) နဲ့ 
သူ့ သမီးလေး လုလု
သမီးလေး လုလု
ဘလော်ဂါ မမီးငယ် လိုက်ကျွှေးတဲ့ အရသာရှိလှတဲ့ ဒင်ဆမ်း

ဂရမ်းစင်ထရယ်ထဲက နာရီစင်
နှစ်ပေါင်းရာကျော်ပြီဖြစ်တဲ့ ဂရမ်းစင်ထရယ်ထဲမှာ
ဂရမ်းစင်ထရယ်
Chrysler အဆောက်အဦး
New York Public Library ရှေ့ မှာ
စာကြည့်တိုက်အတွင်းမှာ
စာကြည့်တိုက်တွင်းက ခေါင်မိုး
စန်းထွန်း
ဇူလှိုင် ၂၃၊ ၂၀၁၃။

Viewing all articles
Browse latest Browse all 724

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


လုလုအောင် HD အသစ်


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ